26.3 C
Yangon

ပေါက်မြို့နယ်ရှိ ကျေးရွာ ၁၈ ရွာကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံး ၅၀ ကျော် ကျဲချ တိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဩဂုတ် ၁၂

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကျေးရွာ ၁၈ ရွာကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံး ၅၀ ကျော် ကျဲချ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစု မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခန့်မှ စတင်၍ အကြမ်းဖက် စစ်တပ်က ပေါက်မြို့နယ် အရှေ့ခြမ်းရှိ ရေပြာရွာ ၊ ရှခွလေးရွာ ၊ မုန်တောရွာ ၊ ကမ်းပျိုရွာ ၊ သနပ္ပင်ဇင်းရွာ ၊ တင်ငုတ်ပြင်ရွာ ၊ ညောင်ပင်တိုက်ရွာ ၊ ရွှေလှံရွဦ ၊ မြင်းခြံကုန်းရွာ ၊ ကျွန်းပင်စုရွာ ၊ ဆင်သေရွာ ၊ ငမိုးကြီးရွာ ၊ ငမိုးလေးရွာ ၊ ကမ်းတောကုန်းရွာ ၊ ပြင်းချောင်းရွာနှင့် ဆယ်ဝရွာကို Y-12 လေယာဉ်ဖြင့် ဗုံး ၅၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ကလေးငယ်များ အပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့တွင်လည်း ပေါက်မြို့နယ် ကပစ ၂၄ မှ အကြမ်းဖက် စစ်သားများက ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး Y-12 လေယာဉ်ဖြင့် ရှခွလေးရွာကို ဗုံး ၃ လုံး၊ ကမ်းပျိုရွာကို ဗုံး ၅ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မနေ့က ဗုံးကျဲ တိုက်ခိုက်မှုမှာ ကလေးငယ်တွေ အပါအဝင် ပြည်သူ ၅ ဦး သေဆုံးတယ်။ ၃၀ ကျော် ထိခိုက် ဒဏ်ရာရတယ်။ ပြည်သူတွေကတော့ ဘေးလွတ်ရာကို ပြေးနေရတယ်။ ဒီနေ့လည်း ထပ်ကျဲတယ်။ လက်နက်ကြီးတွေနဲ့ပါ ပစ်နေတာ” ဟု အညာမြေတပ်ပေါင်းစု မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article