26.1 C
Yangon

မြင်းခြံမြို့အနီး စစ်ကြောင်းထိုးလာသော စစ်တပ် ကင်းပုန်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၁၃

မန္တလေးတိုင်း၊ မြင်းခြံမြို့အနီး စစ်ကြောင်းထိုးလာသော စစ်တပ် ကင်းပုန်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

သြဂုတ်လ ၁၂ ရက်နေ့တွင် မြင်းခြံမြို့အနီး အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲ၍ စစ်ကြောင်းထိုးလာသော စစ်တပ် ကင်းပုန်းကို MBT တပ်ဖွဲ့မှ ရဲဘော် ၂ ဦးက မီတာ ၃၀ အတွင်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၅ ဦးသေဆုံးကာ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းများ ကောက်ယူနိုင်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

“လက်နက်ခဲယမ်းပြတ်တောက်နေလို့ ပြောက်ကျားနည်းနဲ့တိုက်ခိုက်နေရတာဖြစ်ပါတယ်။ လက်နက် ခဲယမ်းကောက်ယူနိုင်ခဲ့ခြင်းမရှိပေမယ့် စစ်ဆင်ရေးအောင်မြင်အောင် ဖော်ဆောင်နိုင်ခဲ့တဲ့ MBT တပ် ဖွဲ့ရုံးချုပ်ကနေ ထူးချွန်တပ်သား ဆုချီးမြှင့်သွားမှာဖြစ်ပါတယ်။ မိဘပြည်သူတွေအနေနဲ့လည်း အား တင်းထားပေးပါ၊ ကျနော်တို့မှာက လက်နက်စက်ရုံမရှိဘူး၊ ခဲယမ်းစက်ရုံမရှိဘူး။ ပြည်သူထောက်ပံ့ငွေ နဲ့ပဲ ဝယ်ယူရတာဖြစ်တယ်။ အခုဝင်ရောက်တဲ့စကစစစ်ကြောင်းကို မဟာမိတ်တွေရဲ့ အကူအညီနဲ့ တန်ပြန်တိုက်ထုတ်နိုင်အောင် အကောင်းဆုံးကြိုးစားမယ်။ လိုအပ်နေတဲ့ ခဲယမ်းဖိုးကို ကူညီထောက် ပံ့ပေးကြဖို့မေတ္တာရပ်ခံချင်ပါတယ်” ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောဆိုသည်။

ထိုသို့ ဝင်ရောက် တိုက်ခိုက်ခဲ့သော ရဲဘော် ၂ ဦးကို MBT ရုံးချုပ်မှ ထူးချွန် တပ်သားဆု ချီးမြှင့်သွားမည်ဖြစ်ပြီး MBT တပ်ဖွဲ့သည် ခဲယမ်း လုံလောက်မှုမရှိသောကြောင့် နယ်မြေ တချို့ လက်လွှတ်လိုက်ရသော်လည်း ပြောက်ကျားနည်းစနစ်ကို အသုံးပြု၍ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article