26.2 C
Yangon

တောင်သာမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၁၄

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၂ ရက်နေ့တွင် မိတ္ထီလာ ရှမ်းတဲ လေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၃ စီးသည် ရွှေစည်ကြီးရွာအနီး ပတ်ဝန်းကျင်ကို ဗုံးသီး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ ကျေးရွာနေပြည်သူများ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရှိရသည်။

အလားတူ ဩဂုတ်လ ၁၃ ရက်နေ့ ည ၉ နာရီခန့်ကလည်း မြင်းခြံမြို့နယ်၊ သံမဏိစက်ရုံမှ စစ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ရုံးပင်ရွာကို ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက နေ့တိုင်းကို စက်တပ်လေထီးနဲ့ကော လက်နက်ကြီးနဲ့ကော ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်နေတာ ပြည်သူတွေကတော့ ရွာထဲမှာ ညဆို မအိပ်ရဲတော့ဘူး။ အကုန်လုံး ညဆိုရင် တိမ်းရှောင်နေရတယ်။ ရုံးပင်ရွာကို စစ်ခွေးတွေ ပစ်တဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲလို့ ပြည်သူ ၁ ဦး သေဆုံးတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ ဩဂုတ်လ ၁၁ ရက်နေ့ကလည်း တောင်သာ နှင့် မလှိုင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ် စက်တပ်လေထီးဖြင့် ဗုံး ၁၀ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article