ဒီကနေ့ ဩဂုတ် ၁၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်းတက်ကျေးရွာအနီးက တိုက်ပွဲမှာ စစ်တပ်ဘက်က အလောင်း ၂၀ ခန့်နှင့် လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရခဲ့တယ်လို့ အာရက္ခတပ်တော် AA က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့မရဲစခန်းကို လက်ပစ်ဗုံး ၆၀ မမ ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ The Light of Union ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းကိုပြောပါတယ်။
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်တပ်က အသက် ၂၀ အရွယ် လူငယ် ၁ ဦးကို ဖမ်းဆီးပြီး ငွေကျပ် သိန်း ၁၀၀ တောင်းခံကာ ပြန်လည်လွှတ်ပေးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟိုက သတင်းထုတ်ပြန်ထားပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝဲခမီကျေးရွာအနီးမှာရှိတဲ့ သံဖြူဇရပ် -ရေး လမ်းပိုင်းမှာ စစ်ကောင်စီ ရွေးကောက်ပွဲ အတွက် သင်တန်းသွားတက်မယ့် Non CDM ကျောင်းဆရာမ ၄ ယောက်ကို ထိန်းသိမ်း စစ်ဆေးပြီးတဲ့ နောက်မှာတော့ ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
