25.7 C
Yangon

ဘန်ကောက်ရှိ လိုင်စင်မဲ့ ကာရာအိုကေဘားတွင် မွေးနေ့ပါတီ ကျင်းပနေသည့် မြန်မာနိုင်ငံသား ၄၁ ဦးတွင် မူးယစ်ဆေးသုံးစွဲမှု စစ်ဆေးတွေ့ရှိရ

Must read

ရန်ကုန်၊ ဩဂုတ် ၁၆

ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ လိုင်စင်မဲ့ ကာရာအိုကေဘားတွင် မွေးနေ့ပါတီ ကျင်းပနေသည့် မြန်မာနိုင်ငံသား ၄၁ ဦးတွင် မူးယစ်ဆေးသုံးစွဲမှု စစ်ဆေးတွေ့ရှိရကြောင်း ဘန်ကောက်ပို့စ်သတင်းဌာနက သတင်းဖော်ပြသည်။

ဩဂုတ်လ ၁၅ ရက်နေ့ ညပိုင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှီ တရားမဝင် ကာရာအိုကေဘားကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး မွေးနေ့ပါတီ ကျင်းပနေသည့် မြန်မာနိုင်ငံသား ၆၀ ကျော်ကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ ယင်းတို့အနက်မှ မြန်မာနိုင်ငံသား ၄၁ ဦးတွင် မူးယစ်ဆေးဝါးသုံးစွဲသည်ကို စိစစ်တွေ့ရှိရကြောင်း သိရှိရသည်။

ဘန်ကောက်မြို့၊ Srivara လမ်းရှိ Town in Town ဟိုတယ်ဘေးတွင် လိုင်စင်မဲ့ ကာရာအိုကေ ဘားတည်ရှိပြီး ယင်းဘားမှာ ၁ ထပ် အဆောက်အအုံဖြစ်ကာ အခန်း ၃ ခန်းပါရှိကြောင်း သိရှိရသည်။ ထို့ပြင် ထိုင်းနိုင်ငံတွင်း ပိတ်ပင်ထားသော Vape အရည်တောင့်များနှင့် အခြားတရားမဝင်ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ဘားမှာ လိုင်စင်မရှိသည့်အတွက် ပိုင်ရှင် ထိုင်းနိုင်ငံသားကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

လတ်တလော သံသယရှိသူ မြန်မာများအားလုံးကို Wang Thonglang ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article