25.7 C
Yangon

မြိုင်နှင့်ပေါက်မြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်စစ်ကြောင်းမှ စစ်သား ရာချီ သေဆုံးပြီး အလင်းဝင် စစ်သား ၁၀၀ ကျော်ရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၁၆

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်တို့သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်စစ်ကြောင်းများကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်သား ရာချီ သေဆုံးပြီး အလင်းဝင် စစ်သား ၁၀၀ ကျော်ရှိကြောင်း မြိုင်ပကဖ က သတင်းထုတ် ပြန်သည်။

မေလ ၂၇ ရက်နေ့မှစ၍ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ မှ ပေါက်မြို့ဘက်သို့ ဦးတည်ထွက်ခွာ လာ သော ယာဉ်အစီးရေ ၁၄၀ ကျော်ပါ ယာဉ်တန်းနှင့် အင်အား ၁၀၀၀ ကျော်ပါ စစ်ကြောင်းကို မြိုင်မြို့ နယ်နှင့်ပေါက်မြို့နယ်အတွင်းတွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀၀ ကျော် သေဆုံးထားပြီး အများအပြား ဒဏ်ရာရရှိထားကြောင်း သိရသည်။

ထို့ပြင် အဆိုပါ စစ်တပ်စစ်ကြောင်းမှ အလင်းဝင် စစ်သား ၁၀၀ ကျော်ရှိပြီး အလင်းဝင်စစ်သားများက စစ်တပ်ကို ပြန်လည် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အလင်းဝင် စစ်သားများအနက်မှ ခရိုင်မှူး၊ ဗိုလ်မှူးဆိုသူတို့လည်း ပါဝင်ပြီး အလင်းဝင်သူများထဲမှ နေရပ်ပြန်ချင်သူများကို ပြန်လည် ပို့ဆောင်ကြောင်း၊ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မည့်သူများကို အနီးကပ်လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်မည့် အလင်းဝင်စစ်သားများအား နဂိုမူလ ပကတိ စိတ်ထားကို ပြု ပြင်ပေးခြင်း ၊ တည့်မတ်ပေးခြင်း ၊ လူထုဗဟိုပြုသော စိတ်ထားမွေးမြူဆောင်ရွက်တတ်စေရန် စည်း ရုံးသိမ်းသွင်းခြင်းတို့ လုပ်ဆောင်ပေးနေသည့်အပြင် ဗျူဟာ တပ်ရင်း၊ တပ်ဖွဲ့စုစည်းပေးထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article