31.9 C
Yangon

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာများ ဆက်တိုက် အဖမ်းခံနေရ ၊ စစ်မှုထမ်းတိမ်းရှောင်ရန် ထိုင်းနိုင်ငံသို့ ထွက်ပြေးကြသူအများစု ဖြစ်ဟုဆို

Must read

ရန်ကုန်၊ ဩဂုတ် ၁၇

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာများ ဆက်တိုက် အဖမ်းခံနေရကြောင်း ထိုင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁ နာရီအချိန် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင် စံခလဘူရီမြို့နယ်တွင် မြန်မာကားသမား တစ်ဦးမောင်းနှင်လာသော ကားကို စစ်ဆေးရား အထောက်အထားမဲ့ မြန်မာ ၇ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီအချိန် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် အိမ်စီးပစ်ကား ၁ စီးကို ထိုင်းအာဏာပိုင်များက စစ်ဆေးခဲ့ရာ ကားအတွင်းမှ အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁၀ ဦးနှင့် တောင်ပေါ်သားကတ် ကိုင်ဆောင်ထားသည့် မြန်မာကားသမားကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

မြန်မာများမှာ ဘုရားသုံးဆူမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး ဘန်ကောက်မြို့၊ စမွတ်ဆာခေါင်သို့ တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၀၀၀၀ ဖြင့် ပွဲစားကို ပေး၍ သွားရောက်ရန် လာစဉ် အဖမ်းခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုင်းရောက် မြန်မာအလုပ်သမားအရေးလှုပ်ရှားသူတချို့၏ အဆိုအရ ဖမ်းဆီးခံရသော မြန်မာအများစုမှာ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိ လူငယ်များ အများစုဖြစ်ပြီး စစ်မှုထမ်းတိမ်းရှောင်ရန်အတွက် ထိုင်းနိုင်ငံဘက်သို့ တရားမဝင် လမ်းကြောင်းများမှတစ်ဆင့် ထွက်ခွာလာကြခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article