24.7 C
Yangon

မန္တလေးအိုးဘိုထောင်၊ အမျိုးသားဆောင်ကို ဒရုန်းဗုံးကျဲချမှုကြောင့် နိုင်ငံရေးအကျဉ်းသား ၁၇ ဦးနှင့် အခြားအကျဉ်းသား ၄ ဦး သေဆုံးပြီး နာမည်စာရင်းများထုတ်ပြန်

Must read

ရန်ကုန်၊ ဩဂုတ် ၁၇

မန္တလေးအိုးဘိုအကျဉ်းထောင်ရှိ အမျိုးသားဆောင်‌အပေါ်ကို ဒရုန်း ဗုံးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုတွင် နိုင်ငံရေးအကျဥ်းသား ၁၇ ဦး၊ အခြားအကျဉ်းသား ၄ ဦး စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရှိသူ အနည်းဆုံး ၁၀ ဦးအထိ ရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဩဂုတ်လ ၈ ရက်နေ့၊ နံနက် ၁၀ နာရီအချိန် ဒရုန်း ဗုံး ၂ လုံးကျဲချခံခဲ့ရခြင်း ဖြစ်ပြီး အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားသည့် အကျဉ်းထောင်ဖြစ်သည့်အတွက် ဒရုန်းဖြင့် ကျဲချခဲ့သောအဖွဲ့၏ အချက်အလက်များစုံစမ်းရရှိရန် အခက်အခဲများရှိနေသောကြောင့် အတည်ပြုနိုင်ရေး ဆက်လက်ကြိုးစားဆောင်ရွက်နေဆဲဖြစ်ကြောင်း PPNM က ထုတ်ပြန်ထားသည်။

“မနေ့က သတင်းထုတ်ပြန်မှုတွေ ကျနော်တို့ လုပ်တယ်။ စစ်ကောင်စီကတော့ ငြင်းနေကျအတိုင်း ငြင်းတာကိုတော့ ကျနော်တို့က ခေါင်းထဲ မထည့်ပါဘူး။ ဒီနေ့မှာ အချက်အလက်နဲ့တကွ သေဆုံးမှု နာမည်တွေ ၊ အသက်တွေ၊ ပုဒ်မတွေနဲ့ တကွ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ တချို့ကလည်း ဒါကို မဟုတ်ဘူးလို့ မနေ့ကလည်း သတင်းတွေ ဝေဖန်ချက်တွေလည်း ကြားရပါတယ်။ မဟုတ်ပါစေနဲ့လို့ ဆုတောင်းနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။ ဒီအရေးဟာ ကိုယ့်ရဲ့ ကိုယ်ကျိုးစွန့်ပြီးမှ အားလုံးဟာ ဘာဝင်ငွေမှ မရှိဘဲနဲ့ တစ်စိုက်မတ်မတ် လုပ်နေကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဖြစ်ကြပါတယ်။ ဒီတော်လှန်ရေးနယ်မြေထဲမှာ ခက်ခက်ခဲခဲရပ်တည်ပြီးမှ ဒီလိုလုပ်နေတာဟာ အကျဉ်းထောင်ထဲမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ၊ လူမသိ သူမသိ သတ်ခံရတဲ့ အခြေအနေတွေ မဖြစ်ပေါ်စေဖို့ ဖြစ်ပါတယ်”ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

Drop ဗုံး ကျဲချမှုကြောင့် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများမှာ-

၁။ ပုဒ်မ- ၅၀ ည ဖြင့် ဖမ်းဆီးခံထားရသည့် အသက် ၃၆ နှစ်အရွယ် ကိုတင်လင်းထွန်း

၂။ ပုဒ်မ -၅၂ က / ၅၁ ဂ ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၂၆ နှစ်အရွယ် ကိုသန်းနိုင်

၃။ ပုဒ်မ- ၅၀၅-က ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့်အသက် ၃၁ နှစ်အရွယ် ကိုကျော်သီဟ

၄။ ပုဒ်မ-၅၂ က /၅၀ ည ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့်အသက် ၂၄ နှစ်အရွယ် ကိုရှိင်းဇော်

၅။ ပုဒ်မ-၅၀ ည ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၂၆ နှစ်အရွယ် ကိုခန့်ဖြိုးအောင်

၆။ ပုဒ်မ-၅၀ ည ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက်၂၉ နှစ်အရွယ် ကိုကျော်ဇင်တိုး

၇။ ပုဒ်မ-၅၀၅-က ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် ကိုအောင်ကိုဝင်း။

၈။ ပုဒ်မ – ၅၀ ည ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၃၀ အရွယ် ကိုဌေးလင်းအောင်

၉။ ပုဒ်မ-၅၂ က/၅၁ ဂ /၂၉ တို့ဖြင့်ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၃၉ နှစ်အရွယ် ကိုဝေယံ

၁၀။ ပုဒ်မ- ၅၀၅ က ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၂၁ နှစ်အရွယ် ကိုရဲရင့်

၁၁။ ပုဒ်မ-၅၀ ည ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၂၈ နှစ်အရွယ် ကိုသူရနေမင်း

၁၂။ ပုဒ်မ-၄၉/၅၂ က တို့ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၃၂ နှစ်အရွယ် ကိုသက်မျိုး

၁၃။ ပုဒ်မ-၅၂ က /၅၂ ဂ တို့ဖြင့်ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၃၇ နှစ်အရွယ် ကိုဗိုလ်ဝင်း

၁၄။ ပုဒ်မ-၅၀ ည ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၃၇ နှစ်အရွယ် ကိုအောင်ကောင်းထက်

၁၅။ ပုဒ်မ-၅၂ က ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့်အသက် ၂၃ နှစ်အရွယ် ကိုဖုန်းထက်

၁၆။ ပုဒ်မ-၅၂ က /၅၀ ည တို့ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၂၈ နှစ်အရွယ် ကိုကျော်မြတ်သူ

၁၇။ ပုဒ်မ-၅၀ ည /၅၁ ဂ တို့ဖြင့် ဖမ်းဆီးအကျဉ်းချခံထားရသည့် အသက် ၃၄ နှစ်အရွယ် ကိုကျော်ကျော်လင်း တို့ ဖြစ်ကြောင်း သိရှိရသည်။

ဒရုန်း ဗုံးကျဲချမှုကြောင့် အခြားအမှုဖြင့် ဖမ်းဆီးခံထားရသည့် အကျဉ်းသား ၄ ဦးလည်းသေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article