25 C
Yangon

ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်တောင်ရွာကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု အမျိုးသမီး ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၁၈

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်တောင်ရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Monywa Roads Information – MRI မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၇ မိနစ်ခန့်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် မှ တက်သော စက်တပ်လေထီး ၁ စီးသည် မိုးကြိုးပြင်တောင်ရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း အမျိုးသမီ ၁ ဦး သေဆုံးကာ အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေ ဗုံးကျဲတာ မိုးကြိုးပြင်တောင်ရွာပေါ်ကို ကျတာ နေအိမ်ပေါ်ကျတာ အမျိုးသား ၁ ဦး ပေါင်ပြတ်တယ်။ အမျိုးသမီး ၁ ဦး သေဆုံးတယ်။ ကျန် ၂ ဦးကတော့ ဒဏ်ရာ အနည်းငယ်ပဲရတယ်လို့ ကြားရတယ် “ဟု Monywa Roads Information – MRI မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အလားတူ ဩဂုတ်လ ၃ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article