ဒီကနေ့ ဩဂုတ် ၁၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက်စစ်ကောင်စီက မြန်မာ-ထိုင်း အမှတ် ၂ ချစ်ကြည်ရေးတံတားကို မနေ့ကစတင်ပိတ်ပင်လိုက် ပေမယ့် ထိုင်းနိုင်ငံကို ကြိုတင်အသိပေးအကြောင်းကြားတာမျိုး မရှိဘူးလို့ ထိုင်းသတင်းဌာနတွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ကံကြီးကျေးရွာအုပ်စုက လူငယ် ၁၃ ဦးထက်မနည်းကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းခိုင်းဖို့ ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ ဒေသနေပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်းမှာ စစ်တပ်က Non-CDM ဝန်ထမ်းတွေကို ဆင့်ခေါ်ကာ ရှမ်းဝတ်စုံဝတ်ခိုင်းပြီး ရှမ်းအလံထောင်ခိုင်းကာ TNLAနဲ့ MNDAA ကို ဆန္ဒပြခိုင်းမှုအပေါ် သျှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ( RCSS/SSA) က တရားဝင်ကန့်ကွက်တယ်လို့ RCSS/SSA အတွင်းရေးမှူး၂ ဗိုလ်မှူး စိုင်းခမ်းစံက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က ကျောက်တံတားရွာ သစ်အနီးတဝိုက်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေပြီး ပြည်သူတွေ ရွာလုံးကျွတ်ထွက်ပြေးနေရတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
