မကွေးတိုင်း၊ မင်းဘူးမြို့သို့ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် လာရောက်မည်ဟဆိုကာ မင်းဘူးတစ်မြို့လုံး ကို ပိတ်ဆို့ လုံခြုံရေးတင်းကျပ်ထားကြောင်း ဒေသနေ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ယမန်နေ့ဩဂုတ်လ ၁၈ ရက်နေ့မှစတင်၍ အကြမ်းဖက် မင်းအောင်လှိုင်သည် မကွေးမြို့သို့ ရောက်ရှိခဲ့ပြီး မင်းဘူးမြို့သို့လည်း လာရောက်ရန်ရှိသည်ဟုဆိုကာ မင်းဘူးမြို့ကို ပိတ်ဆို့ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားခြင်းဖြစ်ကြောင်း
“မင်းဘူးမြို့အထွက်က ရွာတစ်ရွာတစ်ရွာမှာ သစ်ပင်စိုက်မယ်လို့ ကြားတယ်။ လက်ရှိတော့ မင်းဘူးမြို့အဝင်ပေါက်တွေအကုန်လုံးမှာ လုံခြုံရေးကင်း တွေကို ထူထူထပ်ထပ်ချထားတယ်။ မြို့ပေါ်မှာလည်း အဝင်အထွက်တွေ ပိတ်ထားတယ်၊ တော်ရုံ တန်ရုံဘယ်သူမှ ဝင်ထွက်ခွင့်မပေးတော့ဘူး ”ဟု မင်းဘူးမြို့မှ ကင်းထောက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထိုသို့ အကြမ်းဖက်သမား မင်းအောင်လှိုင် မင်းဘူးမြို့သို့ လာရောက်ရှိသဖြင့် အကြမ်း ဖက်စစ် တပ် က လုံခြုံရေးတင်းကျပ်ကာ ပြည်သူများကို ခြိမ်းခြောက် စစ်ဆေးမှုများပြုလုပ်နေ သော ကြောင့် မိဘပြည်သူများအနေဖြင့် အကြမ်း ဖက်စစ်သား၊ ရဲများနှင့် ဝေးဝေးနေထိုင်ကြပါရန်၊ မင်းဘူး မြို့ ပေါ်သို့ သွားလာခြင်းများရှောင်ကြပါနှင့် မိမိနှင့်မသက်ဆိုင်သည့် ပစ္စည်းများကို ကိုင်တွယ်ခြင်း၊ကြည့်ရှုခြင်းများမပြုရန် မင်းဘူးခရိုင်အမှတ် ၆ တပ်ရင်းက သတိပေးမေတ္တာ ရပ်ခံထားသည်။
အကြမ်းဖက် မင်းအောင်လှိုင်ကို ၁၉၅၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ မကွေး တိုင်း ၊ မင်းဘူးမြို့တွင် ဖခင် ပန်းချီဆရာ ခင်လှိုင်နှင့် မိခင် လှမူတို့က မွေးဖွားခဲ့ခြင်းဖြစ်ပြီး မင်းဘူးမြို့သည် အကြမ်းဖက် မင်းအောင်လှိုင်၏ မွေးဖွားရာ ဇာတိချက်မြုပ်ရာ မြို့လည်းဖြစ်သည်။
