25.7 C
Yangon

ရေတာရှည်မြို့နယ်တွင် စစ်တပ်က လက်နက်ကြီး၊ စက်တပ်လေထီးများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်သဖြင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

Must read

ရန်ကုန်၊ ဩဂုတ် ၁၉

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၁၇ ရက်နေ့က ရေတာရှည်မြို့နယ်၊ ဆွာမြို့အခြေစိုက် ခလရ ၈၄ ၊ ခလရ ၁၉ တပ်ရင်း တို့မှ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၆၀ အရွယ် အမျိုးသား ၁ ဦး သေဆုံးပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ဩဂုတ်လ ၁၈ ရက် ညနေ ၅ နာရီခန့်ကလည်း ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ ဘက်ကမ်းရှိ ကျေးရွာများကို တောင်ငူလေတပ်မှ တက်လာသော Paramotor စက်တပ်လေထီး ၂ စီး ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ပြည်သူထိခိုက်မှုမရှိကြောင်း သိရသည်။

“ဘာတိုက်ပွဲမှ မရှိပဲပါဘူး။ ပါရာမိုတာနဲ့က ၂ နှစ်စီး ၂ ကြိမ်ကျဲချတာပါ။ ပါရာမိုတာနဲ့ချတာကတော့ ထိခိုက်မှုမရှိပါဘူး။ လက်နက်ကြီးနဲ့ပစ်ခတ်တာက ထိတာပါ။ အသက် ၆၀ အရွယ်အမျိုးသားတစ်ဦး သေဆုံးပါတယ်။ နေအိမ်ခြံဝန်းထဲမှာ နေထိုင်ရင်း လက်နက်ကြီးကျည်ထိမှန်ပြီးသေဆုံးသွားတာပါ” ဟု ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ မှ တာဝန်ရှိသူ က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ပြည်သူများအနေဖြင့် တော်လှန်ရေး အမြန်ဆုံးပြီးမြောက်စေရန်အတွက် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီပေးကြပါရန်၊ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး ၊ မိုင်းအန္တရာယ် များကို သတိထားသွားလာနေထိုင်ကြပါရန်နှင့် စစ်ကောင်စီတပ်ဖွဲ့က ပေါ်တာဆွဲဖမ်းဆီးကာ စစ်မှု ထမ်းစေခိုင်းမှု၊ မတရားဖိနှိပ်မှုများကို အင်တိုက်အားတိုက်တွန်းလှန်တိုက်ခိုက်သွားကြရန် အသိပေး တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article