24.9 C
Yangon

ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်များပျက်စီး

Must read

ရန်ကုန်၊ ဩဂုတ် ၁၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာရကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၉ ရက်နေ့ ၉ နာရီ ၂၅ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပျဥ်းကတိုးကုန်း ကျေးရွာအုပ်စု ပိန္နဲကုန်းရွာအတွင်းရှိ အရပ်သား ပြည်သူ နေထိုင်သည့်ရွာကို ပစ်မှတ်ထားပြီး လေယာဥ် yak-130 ဖြင့် ဗုံးသီး ၁ လုံးကျဲချကာ အရပ်သားပြည်သူ နေအိမ် ၅ လုံးအပြင် အိမ်သုံးကား ၃ စီး ဆိုင်ကယ် ၃ စီး ထိခိုက်ပျက်စီး ၁ ဦး သေဆုံး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။

ဩဂုတ်လ ၁၁ ရက်နေ့ ၁၂နာရီ ၁၅ နာရီအချိန် ကျောက်လုံးကြီးကျေးရွာအုပ်စု ဝင်းသောင်ရွာနှင့် ကျောက်ပုံရွာကြား တိုက်ပွဲဖြစ်ပွားမှုမရှိပဲ အကြမ်းဖက် စစ်ကောင်စီ အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်မှ အရပ်သား ပြည်သူ နေထိုင်သည့်ကျေးရွာအတွင်းသို့ လက်နက်ကြီး ၁၂၀ မမ ၁ လုံးပစ်ခတ်ခဲ့ရာ အရပ်သား ပြည်သူ လူထုများ၏ လုပ်ငန်းခွင်များအတွင်းသို့ ကျရောက်ပေါက်ကွဲ ခဲ့ကြောင်းသိရှိရသည်။

အလားတူ ဩဂုတ်လ ၁၁ ရက်နေ့ ညနေ ၃ နာရီ ၃၀ နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိပဲ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ (၈) နှင့် ခမရ ၃ ပူးပေါင်း တပ်ဖွဲ့မှ ချောင်းပြန့်ကျေးရွာ အတွင်းသို့ ဝင်ရောက်ပြီး လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့သောကြောင့် အသက် ၅၀အရွယ် နော်ပန်းကြည် ဘယ်နောက်ကျော ထိမှန် ဒဏ်ရာရရှိကာ သထုံမြို့ဆေးရုံသို့ ဆေးကုသခံယူနေကြောင်း KNU ဗဟိုက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article