25.1 C
Yangon

စလင်းနှင့် ဘုတလင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်၊ စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများ ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၂၀

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ သမန်းကျဥ်းကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်သူ့ညီနောင် စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် စလင်းမြို့နယ်ရှိ သမန်းကျဥ်းကျေးရွာဘက်ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၂ လုံး ကျဲချသွားကြောင်း၊ အကြမ်းဖက် စစ်တပ် လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိကာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။

“ပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာရတယ်။ အသက် ၂၀ ကျော်လောက်ရှိတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူက သမန်းကျဥ်းကျေးရွာက ရွာဘေးမှာ ကျတာ စစ်ခွေးတွေက ဗုံးသီး ၂ လုံးကျဲသွားတာပါ” ဟု ပြည်သူ့ညီနောင် စလင်း သတင်းတာဝန်ခံ ကိုပြည်သူကပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ညောင်ကန်ကျေးရွာကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေးထီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ရွာဇော်ကြီးတော်လှန်အသံ မှ တာဝန်ရှိသူတစ်ဦး ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် နမခမှ တက်လာသော စက်တပ်လေထီး ၁ စီးသည် ဘုတလင်မြို့နယ် ညောင်ကန်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။

“ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိဘူး။ နေအိမ် ပျက်စီးတာမျိုးလည်း မရှိပါဘူး။ လမ်းပေါ်ကျရောက် ပေါက်ကွဲတာပါ။ စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်ခိုက်ခဲ့တာပါ”ဟု ရွာဇော်ကြီးတော်လှန်အသံ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ စက်တပ်လေထီးသည် ညောင်ကန်ရွာအတွင်းကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် မွန်းလွဲ ၁၂ နာရီ ၄၃ မိနစ်ခန့်တွင် နမခ အတွင်းသို့ ပြန်လည် ဆင်းသက်သွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article