အကြမ်းဖက် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကန့်ကွက်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ- NUCC နှင့်တအာင်းပြည်ကောင်စီ-TLCတို့က ကြေညာလိုက်သည်။
မြန်မာအကြမ်းဖက်စစ်တပ်မှာ လူမျိုးတုန်းသတ်ဖြတ်မှုများ အပါအဝင် ပြည်သူလူ ထု ကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်မှုများ ကျူး လွန်ခဲ့သည့်အပြင် ကိုယ်တိုင်ရေးဆွဲ အတည်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး တိုင်းပြည်အာဏာကို သိမ်းယူရန် ကြိုးပမ်းခဲ့သည့် လက်နက်ကိုင်အဖွဲ့တစ်ခုသာဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့တွင် မည်သည့် ရွေး ကောက် ပွဲကိုမျှ ကျင်းပရန် အခွင့်အာဏာ မရှိကြောင်း၊ ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းအားထုတ်နေမှုသည် ၎င်းတို့ ကျူးလွန်ခဲ့သည့် ပြစ်မှုများကို ရှောင်လွှဲရန်၊ ၎င်းတို့၏ အကျိုး စီးပွားများကို ဆက်လက် ထိန်းသိမ်းကာကွယ်နိုင်ရန် နှင့်အာဏာတည်မြဲ ရေးတို့အတွက်သာဖြစ်ပြီး ပိုမို နက်ရှိုင်းသော ပဋိပက္ခများကို ဖြစ်ပေါ်စေမည်သာဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းရွေးကောက်ပွဲများကို တရားမဝင် အတု အယောင် ရွေးကောက်ပွဲများအဖြစ် သတ် မှတ်ပြီး လုံး၀ ဆန့်ကျင်ကန့်ကွက်ကြောင်း NUCC က ကြေညာသည်။
အလားတူ တအာင်းပြည်ကောင်စီကလည်း အကြမ်းဖက်စစ်တပ်၏ တနိုင်ငံလုံးတွင် အများပြည်သူနေထိုင်သော နေရာများကို ရည်ရွယ်ချက်ရှိရှိ လေ ကြောင်းဖြင့်ဗုံးကျဲတိုက်ခိုက်နေမှုများ၊ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုများ အဆက်မပြတ်ကျူး လွန်နေခြင်းနှင့် တရားမဝင်အတုအယောင်ရွေး ကောက်ပွဲ ကျင်းပပြုလုပ်ရန်ပြင်ဆင်နေ ခြင်းအပေါ် ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ထုတ်ပြန်ကြေညာသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်မှ ဩဂုတ်လ ၂၁ ရက်ထိ တစ်လအတွင်း တအာင်းပြည်ကောင်စီ၏ ဒေသအ တွင်းရှိ ကျောက်မဲ၊ မိုးကုတ်၊ သီပေါ၊ ကွတ်ခိုင်နှင့် မိုင်းငေါ့တို့တွင် အရပ်သားပြည်သူများနေထိုင်ရာ နေရာများကို စစ်လေ ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေ ၂၅ ကျော်ရှိနေပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူ ထု ၅၉ ဦးသေဆုံးပြီး၊ ၁၀၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယမန်နေ့ ၂၂ ရက်နေ့ တစ်ရက်တည်းပင် ကျောက်မဲမြို့နယ် နောင်ပိန်ရွာတွင် ဗုံးအလုံးရေ ၃၉ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ တအာင်းပြည်ကောင်စီ အနေ ဖြင့် အသက် ဆုံးရှုံးခဲ့သောအရပ်သားပြည်သူများ၏ ကျန်ရစ်သူမိသားစုဝင်များနှင့် ထပ် တူဝမ်းနည်းရကြောင်း ကြေညာသည်။
ထို့အပြင် စစ်ရာဇဝတ်မှုများကျူးလွန်နေသည့် မတရားအာဏာသိမ်း အကြမ်း ဖက်စစ်တပ် စစ်ကော်မရှင် သည် ပြည်သူ လူထု ၏ဆန္ဒသဘောထားမပါဘဲ အာဏာရှင်စနစ်ကိုသက်ဆိုးရှည်ခြင်းနှင့် တရားမဝင်အာဏာကို ဆက်လက်ရရှိရန်အတွက် ရွေး ကောက်ပွဲပြုလုပ်ရန်ပြင်ဆင်နေမှုကို မိမိတို့ တအာင်းပြည်ကောင်စီမှ ဆန့်ကျင် ကန့်ကွက်ကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် အတုအယောင်ရွေးကောက်ပွဲတွင် လုံးဝပါဝင်ခြင်းမပြုပဲ ဆန့်ကျင်ကန့်ကွက်ကြရန်နှင့် နိုင်ငံတကာအစိုးရများနှင့်အဖွဲ့အစည်းများကလည်း အသိအမှတ်မပြုပဲ ဆန့်ကျင် ကန့်ကွက်ပေးကြပါရန် TLC က တိုက်တွန်းတောင်းဆိုသည်။
အကြမ်းဖက်စစ်တပ်မှ တအာင်းပြည်တွင်းသာမက နိုင်ငံတစ်ဝှမ်းလုံး၌ ပြည်သူ လူထုအား ပစ်မှတ်ထား တိုက်ခိုက်နေသည့် စစ်ရာဇဝတ်မှုများ ဆက်တိုက်ကျူးလွန်လျက်ရှိကြောင်း၊ မတရားအာဏာသိမ်းအကြမ်း ဖက်စစ်တပ်၏ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှုနှင့် အစုလိုက် အပြုံ လိုက် သတ် ဖြတ်မှုများ နေ့စဉ်ရက်ဆက် ချိုးဖောက်ကျူးလွန်နေခြင်းကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်း များက ထိရောက်သည့်အရေး ယူမှုများနှင့် အမြန်ဆုံးတားဆီး အရေးယူပေးရန် တအာင်းပြည်ကောင်စီ – TLC က တိုက်တွန်းထားသည်။
Photo-Reuters။
