23.7 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၂၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၂၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-မြန်မာနိုင်ငံမှာ လူငယ်တွေကို သတ်ဖြတ်ပြီး စစ်မှုထမ်းခိုင်းနေတဲ့ အကြမ်းဖက် မင်းအောင်လှိုင်က လူငယ်ဖိုရမ်ကျင်းပခိုင်းနေပြန်သလို သူကိုယ်တိုင် တက်ရောက်ပြီးတော့ပါ စကားပြောဦးမှာဖြစ်တယ်လို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို‌ပြောပါတယ်။

-ကရင်ပြည်နယ်က အာရှလမ်းမကို ပြန်လည်ထိန်းချုပ်ရေးဆိုပြီး ကော့ကရိတ်မြို့ကနေ ထွက်လာပြန်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ မအောင်မြင်တဲ့ အောင်ဇေယျစစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ထပ်မံတိုက်ခိုက်ခြေမှုန်းအတွင်း စစ်ကောင်စီတပ်သား အယောက် ၄၀ ကျော်ဟာ အသီးသီး သေကုန်ကြပြန်သလို အဲ့ဒီ့စစ်တပ်စစ်ကြောင်းဟာ အကြိမ်ကြိမ် တပ်ပြန်ဆုတ်သွားကြတယ်လို့ KNLA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-မကွေးတိုင်းက ချောက်မြို့မှာ အကြမ်းဖက် စစ်တပ်လက်အောက်ခံ ပျူစောထီးတွေက ပဲနှမ်းပွဲရုံပိုင်ရှင်တစ်ဦးရဲ့ သမီးဖြစ်သူကို ပြန်ပေးဆွဲပြီး ငွေကျပ် သိန်း ၁၅၀၀ တောင်းယူမှုဖြစ်ပွားခဲ့ပြီး ညှိနှိုင်းမှု နဲ့ နောက်ဆုံး ငွေကျပ် သိန်း ၅၀၀ ပေးလိုက်ရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article