24.2 C
Yangon

စစ်ကိုင်းမြို့နယ်တွင် ဝက်သပုတ်ရွာမှ အမျိုးသမီး တစ်ဦးကို မုဒိမ်းပြုကျင့်ရန် ကြံစည်နေသည့် စစ်သား အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ၁ ဦး သေဆုံးကာ လက်နက် ၂ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၂၃

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ဝက်သပုတ်ရွာမှ အမျိုးသမီး တစ်ဦးကို မုဒိမ်းပြုကျင့်ရန် ကြံစည်နေသည့် စစ်သား အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ၁ ဦး သေဆုံးကာ လက်နက် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း PHOENIX (SGG) မီးလျှံငှက် (စစ်ကိုင်း) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇူလိုင်လ ၂၃ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ ရုံးပင်ကန်ရွာမှ ထွက်လာသော အကြမ်းဖက် စစ်သား ၂ ဦးသည် အရက်မူးရူးပြီး ဝက်သပုတ်ရွာမှ အမျိုးသမီး ၁ ဦးကို မုဒိမ်း ပြုကျင့်ရန် ကြံစည်နေစဉ် အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်သား ၁ ဦး သေဆုံးကာ ၁ ဦးမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း၊ ပစ်ခတ်မှု ဖြစ်ပွားသော နေရာကို တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် သေနတ် ၂ လက် ၊ ဗုံး ၁ လုံး၊ ကျည်ဘောက် ၆ ခုနှင့် စစ်ဝတ်စုံ တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက မုဒိမ်းကျင့်ဖို့ လုပ်နေရင်းကနေ သူတို့ အချင်းချင်းပစ်ခတ်ကြတာ အဲဖြစ်စဉ်ကို ပြည်သူတစ်ယောက်က ကျနော်တို့ကို လှမ်းပြောတော့ သွားရောက် နယ်မြေရှင်းလင်ရေး လက်နက်တွေ သိမ်းဆည်ရမိတာပါ။ စစ်ခွေးတွေက စစ်ကိုင်းမြို့နယ် ရုံးပင်ကန်ရွာကနေ ဝက်သပုတ်ရွာကို လာခဲ့တာပါ။ ရွာတွေကနီးတယ်။ စစ်ခွေး ၂ ကောင်တည်းလာတာ မိန်ကလေးက ဝက်သပုတ်ရွာကပါပဲ အသက် ၁၅ နှစ်လောက်ပဲရှိသေးတယ်။ သေနတ် ၂ လက်၊ ဗုံး ၁ လုံး၊ ကျည်ဘောက် ၆ ခုတို့ သိမ်းဆည်းရရှိခဲ့ပါတယ်” ဟု PHOENIX (SGG) မီးလျှံငှက် (စစ်ကိုင်း) မှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article