24.2 C
Yangon

ကန့်ဘလူနှင့် ချောက်မြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများ ခိုးယူနေ

Must read

ရန်ကုန်၊ ဩဂုတ် ၂၃

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ကျီကျင်းရွာကို မီးရှို့ဖျက်ဆီးနေကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အင်အား ၂၀၀ ခန့်ပါ စစ်တပ် စစ်ကြောင်းသည် ကျီးကျင်းရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ကျီးကျင်းရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရပြီး ပြည်သူများ ဖမ်းဆီးခံရမှု အခြေအနေနှင့် ထိခိုက်သူများ ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ကန့်ဘလူ ကျီကျင်းရွာကို ရောက်နေတဲ့ အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ခွေးစစ်ကြောင်းက ကျီးကျင်းရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့နေတာပါ။ ပြည်သူတွေ ထိခိုက်မှုရှိမရှိနဲ့ ဖမ်းဆီးခံရသူ ရှိမရှိကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ချောက်မြို့နယ်၊ မကျီးကုန်းရွာကိုလည်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက်ယူဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၂၃ ရက်နေ့တွင် ချောက်မြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မကျီးကုန်းရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက်ယူဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

“မကျီးကုန်း ကျေးရွာကို စစ်ခွေးတွေ ဝင်မွှေနေပါတယ်။ ပြည်သူပိုင် ပစ္စည်းတွေကို စစ်ခွေးတွေက စိတ်ကြိုက်ကို ခိုးယူနေတယ်။ ပြည်သူတွေ ဖမ်းဆီးခံရတာတော့ မရှိပါဘူး။ ပြည်သူတွေကတော့ ရွာလုံးကျွတ်ကို ထွက်ပြေး တိမ်းရှောင်နေတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article