ရန်ကုန်၊ ဩဂုတ် ၂၃
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကျောက်ပြင်ကန်ရွာကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ်၊ စက်တပ်လေထီးများဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ညောင်ဦးမြို့နယ်၊ ကျောက်ပြင်ကန်ရွာကို Mi-35 ရဟတ်ယာဉ် ၂ စီး၊ စက်တပ်လေထီး ၁ စီးဖြင့် လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ကလေးငယ်များ အပါအဝင် ပြည်သူ ၃ ဦး သေဆုံးကြောင်း ကနဦးသိရပြီး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင့် ထိခိုက်ဆေသုံးသူ အရေအတွက်နှင့် ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“ညောင်ဦးမြို့နယ် ကျောက်ပြင်ကန်ရွာကို စစ်ခွေးတွေ လေယာဉ် ၃ စီးနဲ့ ပစ်တာ ဘုန်းကြီးကျောင်းကျပြီး ကျောင်းပေါ်မှာ ကစားနေတဲ့ ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးတယ်လို့ ကနဦးသိရပါတယ်။ ဒီနေ့ ၄ နာရီကျော်လောက်ဖြစ်တာ အခု ရွာကလူတွေရော ရွာနားကရွာတွေပါ အကုန်လုံး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
