ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲရန် လူစုနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖိုးဇင်နှင့် အဖွဲ့ကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Yangon Army တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဩဂုတ်လ ၂၃ ရက်နေ့ ည ၁၀ နာရီ ၁၄ မိနစ်အချိန် အင်းစိန်မြို့နယ် ၊ မြို့ သစ်ရပ်ကွက် (ဂ) အုပ် ချုပ်ရေးမှူး ဖိုးဇင်နှင့် နောက်လိုက်အပေါင်းပါလူတစ်စုက ရပ်ကွက်အတွင်း၌ လူငယ်များကို ပေါ် တာဆွဲဖမ်းဆီးရန် လူစုနေစဉ် ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များက ပြင်းအားမြင့် လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။
“ထိတော့ ထိတယ်၊ အချိန်စောင့်ပြီး လုပ်တာဆိုတော့။ သူတို့ က ညဘက်ဆိုရင် အုပ်စုဖွဲ့ပြီး လူငယ်တွေကို လိုက် ဖမ်းတယ်။ အုပ်ကြီးနဲ့သူ့ဘေးက ဇိုးတွေ။ လူစုနေ တုန်း တိုက်ခိုက်ခဲ့တာ။ သူတို့က ရပ်ကွက်ရုံးမှာ အချုပ်ခန်းလုပ်ထားပြီးတော့ လူငယ်တွေကို ဖမ်း တယ်။ ပြီးရင် စစ်မှုထမ်းလိုအပ်နေတဲ့ နေရာတွေကို ပြန်ရောင်းစားတယ်။ သေနတ်အတိုလည်း ကိုင် ထားတယ်။ ကျင်ဟုတ်တပည့် ဖိုးဇင် အမတ်ဝင်ရွေးဖို့လုပ်နေတာ” ဟု Yangon Army တပ်ဖွဲ့မှ တာဝန်ရှိသူ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင်ပကဖ အဖွဲ့တို့ပူးပေါင်းကာ လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။
လူမိုက်ကျင်ဟုတ်၏တပည့် အုပ်ချုပ်ရေးမှူး ဖိုးဇင်နှင့်လူမိုက်အဖွဲ့မှာ စစ်တပ်၏ တရားမ၀င်ရွေး ကောက်ပွဲကိစ္စများဆောင်ရွက်ခြင်း ၊ လူငယ်လူရွယ်များအားပေါ်တာဆွဲကာ စစ်မှုထမ်း လိုအပ်သည့် နေရာများအား ရောင်း စား၍ လူကုန်ကူးခြင်းများ လုပ်ဆောင်နေသောကြောင့် ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း Yangon Army (YA) ကအသိပေးထားသည်။
အလားတူ စစ်ကောင်စီနှင့်ပတ်သက်သောပစ်မှတ်များ၊ အကြမ်းဖက်စစ်ကောင်စီပြုလုပ်မည့် တရား မ၀င်ရွေး ကောက်ပွဲနှင့် ပတ်သက်၍ ပါ၀င်လုပ်ကိုင်နေကြသောသူများအား ဆက်လက်၍ အပြင်းအ ထန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဆက်လက် ကြေညာထားသည်။
ဓာတ်ပုံ- ရန်ကုန်တွင် ညပိုင်း ကင်းလှည့်နေသော ပျူစောထီးများနှင့်ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)
