28.5 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၂၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၂၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ရန်ကုန်မှာ ငွေကျပ် ၂၅၇ ဘီလီယံကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုမှာ AA နှင့်SSPP ပတ်သက်တယ်ဆိုပြီး စစ်တပ်ရဲ့ သတင်း ထုတ်ပြန်မှုမှာ နိုင်ငံရေး အောက်လုံးနဲ့ တိုက်ခိုက်တာဖြစ်တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ရန်ကုန်ခေတ်သစ် ကိုပြော ပါတယ်။

အကြမ်းဖက်စစ်တပ်က ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ် ရပ်ကွက် ၅ မှာ နေ့လယ်အချိန် သေနတ်နဲ့ ပစ်ခတ်ပြီး ကားလုယက်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာရွာ ကို စစ်ကြောင်းထိုး ဝင်ရောက် လာတဲ့ အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၇ ဦး သေဆုံးပြီး ၃ ဦးအရှင်မိကာ သေနတ် ၈ လက်သိမ်းဆည်း ရရှိခဲ့တယ်လို့ PHOENIX (SGG) မီးလျှံငှက် (စစ်ကိုင်း) ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ ဝက်သပုတ်ရွာက အမျိုးသမီး တစ်ဦးကို မုဒိမ်းပြုကျင့်ဖို့ ကြံစည်နေတဲ့ စစ်သားတွေ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ၁ ဦး သေဆုံးကာ လက်နက် ၂ လက် သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article