28.5 C
Yangon

မြင်းခြံမြို့နယ်၊ ဆုံရွာစခန်းမှ ငါန်းမြာကြီး ရဲစခန်းဘက်သို့ လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား၊ ရဲနှင့် ပျူစောထီး ၁၄ ဦးသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၂၄

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆုံရွာစခန်းမှ ငါန်းမြာကြီးရဲကင်းစခန်းဘက်သို့ ထွက်လာ သော အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ ၁၄ ဦးသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိခဲ့ကြောင်း မန္တလေးခရိုင်အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်‌ ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၂၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အချိန် မြင်းခြံမြို့နယ်၊ ဆုံရွာစခန်းမှ ဆိုင်ကယ် ၁ စီး၊ ထော်လာ ဂျီ ၁ စီးဖြင့် ထွက်လာသော အကြမ်းဖက်စစ်သား၊ ရဲနှင့် ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၈ ဦး နေရာမှာပင်ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးများထံမှ G3 အမျိုးအစားသေနတ် ၃ လက် ၊ MA 11 အမျိုးအစား သေနတ် ၁ လက် ၊ G3 ကျည်ဘောက် ၅ ခု ၊ G3 ကျည် ၄၇ တောင့်နှင့် ဆိုင်ကယ် ကလစ် ၁ စီးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေရသူများအနက် စစ်တပ်ဘက်တော်သား၆ ဦးမှာ ထပ်မံသေဆုံးသွားသည်ဟု ဩဂုတ်လ ၂၃ ရက်နေ့တွင် ထပ်မံသိရှိရကြောင်း မန္တလေးခရိုင်အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူက ရှင်းပြသည်။

အဆိုပါ တိုက်ခိုက်မှုကို မန္တလေးခရိုင်၊အမှတ် ၅ တပ်ရင်း ၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်) ၊ မြင်းခြံမြောက်ပိုင်းသားများပြောက်ကျားတပ်ဖွဲ့၊ အမရပူရမြို့နယ် ပ.က.ဖ၊ အောင်တံခွန် ပြောက် ကျားတပ်ဖွဲ့ (ငါန်းဇွန်) ၊ မြင်းခြံခရိုင်၊အမှတ် ၄ တပ်ရင်း ၊ မြင်းခြံခရိုင်၊အမှတ် ၁၀ တပ်ရင်း ၊ ငါန်းနတ် ပြောက်ကျားတပ်ဖွဲ့ နှင့် ကျားမင်းပြောက် ကျားတပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းပြီး ပြည်သူ့ ကာကွယ်ရေတးပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

လတ်တလော မြင်းခြံခရိုင် အမှတ် ၅ တပ်ရင်းရဲဘော်များတွင် ကျည်၊ ကျည်ကာဝတ်စုံများ လိုအပ်လျက်ရှိပြီး ပြည်တွင်း၊ ပြည်ပရှိ ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် မေတ္တာရပ်ခံ ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article