28.5 C
Yangon

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရခိုင်မြေပေါ်တွင် ရခိုင်ပြည်သူလူထုနှင့်တွေ့ဆုံသော ဓာတ်ပုံများ ထွက်ပေါ်လာသော်လည်း AA ဘက်က တစ်စုံတစ်ရာ တုံ့ပြန်အတည်ပြုခြင်းမရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၂၄

အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် ရခိုင်မြေပေါ်တွင် ရခိုင်ပြည်သူလူထုတချို့နှင့်တွေ့ဆုံသော ဓာတ်ပုံများ ထွက်ပေါ်လာသော် လည်း AA ဘက်ကမူ ယင်းဓာတ်ပုံများနှင့်ပတ်သက်ပြီး တစ်စုံ တစ်ရာ တုံ့ပြန် အတည်ပြုခြင်းမရှိပေ။

ဩဂုတ်လ ၂၃ ရက်နေ့တွင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် ရခိုင်ပြည်သူလူထုနှင့် မြေပြင်တွင် တွေ့ဆုံသော ဓာတ်ပုံများ ထွက်ပေါ်လာခဲ့ပြီး ယင်းဓာတ်ပုံများတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကျေးလက်လမ်းတစ်နေရာတွင် ပြည်သူများကို တိုက်ရိုက် စကားပြောနေခြင်းဖြစ်သည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဘေးတွင် ကိုယ်ရံတော် တပ်ဖွဲ့ဝင်များကိုလည်း လက် နက်အပြည့်အစုံဖြင့် တွေ့မြင်ရပြီး ရခိုင်ဒေသသတင်းရင်းမြစ်တချို့က ဗိုလ် ချုပ် ထွန်းမြတ်နိုင် ရခိုင်မြေပေါ်တွင် ရောက်ရှိနေပြီဟုဆိုနိုင်ကြောင်း ပြောဆိုသည်။

“ဓာတ်ပုံမှာ ပါတဲ့ ရွာအနေအထားနဲ့ ပြည်သူတွေသွင်ပြင်ကို ကြည့်ရင် ရခိုင်မြေနဲ့ ရခိုင်ပြည်သူတွေဆိုတာ သေချာပါတယ်။ ဘယ်နေရာ ဘယ်မြို့လဲဆိုတာ သိရင်တောင် ကျနော်တို့ ဗိုလ်ချုပ် လုံခြုံရေးက အရေးကြီးတယ်လေ။ ရခိုင်မြေ ပေါ်မှာ ကျနော်တို့ ဗိုလ်ချုပ် ခြေချနိုင်ခဲ့ပြီဆိုတာတော့ သေချာပါတယ်” ဟု ရခိုင် ဒေသသတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကိုလည်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ရခိုင်မြေပေါ်တွင် ပြည်သူလူထုနှင့်တွေ့ ဆုံသည်ဆိုသော ဓာတ်ပုံများနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာ တစ် စုံတစ်ရာ တုံ့ပြန်ခြင်း၊ မှတ်ချက်ပေးခြင်း မရှိပေ။

ကချင်ဒေသတွင် ရောက်ရှိနေသော တော်လှန်ရေး သတင်းရင်းမြစ်တစ်ခုက ကချင်ပြည်နယ်၊ လိုင်ဇာမှ ရခိုင်ပြည်အထိ နယ်မြေစိုးမိုးမှုကို တိုင်းရင်းသားတော်လှန်ရေးတပ်များအားလုံးက စိုးမိုးထားပြီဖြစ်ပြီး အချိန်ကာလကြာမြင့်သည်မှ လွဲ၍ ကချင်မြေမှ ရခိုင်မြေသို့ တိုက်ရိုက် သွားရောက်နိုင်ပြီဖြစ် ကြောင်း ပြောဆိုသည်။

“ကချင်ဘက်ကနေ ချင်းဘက်ပေါ့။ အဲဒီဘက်ကနေမှတစ်ဆင့် ပလက်၀။ အဲဒီကနေ ရခိုင်ထဲကို ဝင်လို့ရနေပြီ။ အချိန်ကြာတာကလွဲရင် လမ်းကြောင်းတစ်ခုလုံးကို တိုင်းရင်းသားတပ်တွေအားလုံးက စိုးမိုးထားတာပါ။ လမ်းမှာ စစ်ခွေးတပ်တွေ မရှိတော့ဘူး။ လေကြောင်းကလွဲရင် မြေပြင်မှာက တိုင်းရင်းသားတပ်တွေအားလုံး စိုးမိုးထားတာပါ။ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရခိုင်မြေကို ရောက်တယ်ဆိုတာလည်း ဖြစ်နိုင်ပါတယ်။ အသွားအပြန်တောင် လုပ်လို့ရတဲ့အထိ တော် လှန် ရေးနယ်မြေတွေ ကျယ်ပြန့်နေတာပါ” ဟု ကချင်ဒေသတွင် ရှိနေသော တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article