28.5 C
Yangon

ကမ္ဘာကျော်ဂုတ်ထိပ်တံတား ပျက်စီးနေပြီး စစ်တပ်လော်ဘီများအားလုံးက TNLA နှင့် PDF က မိုင်းခွဲဖျက်ဆီးသည်ဟု တစ် ဖက်သတ် တစ်ပြိုင်နက်တည်း ဝါဒဖြန့်မှုများ အကြီးအကျယ်လုပ်ဆောင်၊ ဂုတ်ထိပ်တံတားပျက်စီးပုံများကို စစ်တပ်လော်ဘီများက ရှုထောင်မျိုးစုံမှ ရိုက်ကူး စတင် ဖြန့်ဝေခဲ့

Must read

ရန်ကုန်၊ ဩဂုတ် ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး-လားရှိုးရထားလမ်းပေါ်ရှိ ကမ္ဘာကျော်ဂုတ်ထိပ်တံတား ပျက်စီးနေပြီး စစ် တပ် လော်ဘီများအားလုံးက TNLA နှင့် PDF က မိုင်းခွဲဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု တစ်ပြိုင်နက်တည်း ဝါဒဖြန့်မှုများကို ဓာတ်ပုံများဖြင့် အကြီးအကျယ်လုပ်ဆောင်လာသည်။

မည်သည့်အကြောင်းကြောင့် ဂုတ်ထိပ်တံတား ပျက်စီးနေသည်ကို အမှန်တ ကယ် မသိရှိရသေးသော်လည်း ဂုတ်ထိပ်တံတား အပျက်အစီးဓာတ်ပုံများကို စစ်တပ်ထောက်ခံသော လော်ဘီတယ်လီဂရမ်ချန်နယ်များအားလုံးက ယနေ့ နံနက်ပိုင်းမှစတင်၍ ပထမဆုံး ဖြန့်ဝေလာပြီး ယင်းသို့ ပျက်စီးမှုမှာ TNLA နှင့် PDF များက မိုင်းခွဲ ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု တစ်ဖက်သတ် ဝါဒဖြန့်မှုများ အကြီးအကျယ် လုပ်ဆောင်လာသည်ကို မြင်တွေ့ရသည်။

ဂုတ်ထိပ်တံတားသည် သမိုင်းအမွေအနှစ်ဖြစ်ပြီး ယင်းကိုဖျက်ဆီးလိုက်ခြင်းကြောင့် ဖျက်ဆီးသူများကို လုံး၀ ချေမှုန်းသုတ်သင်ရမည်ဖြစ်ကြောင်း အစချီ ၍ စစ်တပ်လော်ဘီများအားလုံးက တစ်ပြိုင်နက်တည်း အကြီးအကျယ် ဝါဒဖြန့်နေကြသည်။

ဂုတ်ထိပ်တံတားကို ဖျက်ဆီးမှုခံရမှုကြောင့် ပြည်သူများအနေဖြင့် သမိုင်းအမွေ အနှစ်ဖျက်ဆီးသူများကို ဆန့်ကျင်ရမည်ဖြစ် ကြောင်း စစ်တပ်လော်ဘီချန်နယ်များအားလုံး တညီတညွတ်တည်း ဝါဒဖြန့်နေကြသည်။

ဂုတ်ထိပ်တံတား သည် မန္တလေး-လားရှိုး ရထားလမ်းပေါ်ရှိ တံတားတစ်စင်းဖြစ်ပြီး နောင်ချိုဘူတာအလွန် ၇ မိုင်အကွာတွင် တည်ရှိသည်။ ၁၈၉၉ ခုနှစ်၌ တည်ဆောက်ပြီး ၁၉၀၀ ခုနှစ်တွင် ပြီးစီးခဲ့ကာ ၁၉၀၃ ခုနှစ်ရောက်မှ စတင်အသုံးပြုခံခြင်းဖြစ်သည်။ ဗြိတိသျှ ကိုလိုနီခေတ် ဂုတ်တွင်းခေါ် ဒေသကြီးရှိ ပေ ၃၀⁠၀ ကျော် မတ်စောက်သည့် လျှိုကြီးနှစ်ဘက်ကို ဖြတ်ကျော် တည် ဆောက်ထားခြင်း ဖြစ်ပြီး ဂုတ်တွင်းကြီးထိပ်၌ တည်ဆောက်ထား၍ ဂုတ်ထိပ်တံတားဟု ခေါ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဂုတ်ထိပ်တံတားကြီး၏ အရှည်မှာ ၂⁠၂၆၀ပေ ရှိပြီး တံတားကြီး အောက်ခြေရှိ ရေမြောင်းကလေး၏ ရေမျက်နှာပြင်မှ တိုင်းတာလျှင် ပေပေါင်း ၁⁠၁၀၀ မြင့်သည်ဟုသိရှိရသည်။ ထိုတံတားကို ဆောက်လုပ်ရာ၌ သံနှင့် သံမဏိတန်ချိန် ၄၃၁၁ တန်နှင့် သံမှိုပေါင်း တစ်သန်း ၁ဝ⁠ဝဝ⁠ဝဝဝ ကို သုံးစွဲရပြီး ပေ ၁၂၀ ရှည်သော အလျားကူး သံဘောင်ကြီး ၁၀-ခု၊ ပေ ၆၀-ရှည်သော အလျားကူး သံဘောင်ကြီး ၁၆-ခုတို့ဖြင့် သံမဏိတိုင်ကြီး ၁၆-တိုင်ပေါ်၌ ခဲရာခဲဆစ် တည်ဆောက်ထားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article