25.4 C
Yangon

ဂုတ်ထိပ်တံတားကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ ဖျက်ဆီးခဲ့ဟု TNLA ပြောဆို

Must read

ရန်ကုန်၊ ဩဂုတ် ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး -လားရှိုး ရထားလမ်းပေါ်ရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရန်ကကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ ဩဂုတ်လ ၂၄ ရက် နံနက် ၉ နာရီခန့်တွင် ဂုတ်ထိပ်တံတားအနီးရှိ TNLA တပ်စခန်းကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့်လာရောက် ဗုံးကျဲခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုအတွင်း စစ်တပ်၏ ဒရုန်းဗုံးသီးများသည် TNLA တပ် စခန်းကို ကျရောက်ပေါက်ကွဲခြင်းမရှိဘဲ ဂုတ်ထိပ်တံတားကို ကျရောက်ပေါက်ကွဲကာ ပျက်စီးသွားခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တံတားပျက်စီးမှုနှင့် ပတ်သက်၍ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ လော်ဘီအဖွဲ့က TNLA တပ်ဖွဲ့က ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး အလျားပေ ၃၀ ကျော်ပျက်စီးခဲ့ကြောင်း ဓာတ်ပုံများဖြင့် ဝါဒ ဖြန့်ချိခဲ့ကြောင်း သိရှိရသည်။

“ဒါကတော့ စွပ်စွဲချက်ပဲဖြစ်ပါတယ်။ တကယ် ဒီဂုတ်ထိပ်တံတားကို ဖျက်ဆီးတာက စစ်ကောင်စီဖြစ် ပါတယ်။ စစ်ကောင်စီသည် ဒရုန်းကို အသုံးပြုပြီးတော့မှ ဗုံးကျဲတိုက်ခိုက်တာဖြစ်ပါတယ်။ ဒီမနက် ၉ နာရီဝန်းက ဒီစစ်ကောင်စီသည် ကျမတို့ TNLA တည်ရှိရာ တပ်စခန်းကို ဒရုန်းနဲ့လာရောက်ဗုံးကျဲ တိုက်ခိုက်တာ မျိုးတွေရှိပါတယ်။ အဲဒီကို ဒရုန်းနဲ့ လာရောက်ပြီးတော့ ဗုံးကျဲတိုက်ခိုက်တဲ့အချိန်မှာ ဗုံးက ကျမတို့ TNLA တပ်စခန်းကို ကျရောက်ပေါက်ကွဲတာမျိုးမဖြစ်ပဲနဲ့ ဒီဂုတ်ထိပ်တံတားကို ကျရောက်ပေါက်ကွဲ တာဖြစ်ပါတယ်” ဟု TNLA သတင်းနှင့်ပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ဖျက်ဆီးခဲ့သည့် ဂုတ်ထိပ်တံတားသည် ၁၈၉၉ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီးပေ ၂,၂၀၀ ကျော် ရှည်ကြောင်း၊ မန္တလေး – လားရှိုး မီးရထား လမ်းမပေါ် နောင်ချိုဘူတာနှင့် ကျောက်မဲမြို့နယ်၊ နောင်ပိန်ဘူတာအကြား၌ တည်ရှိသည့် တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ကျောက်မဲမြို့ဘက်သို့ ဆက်လက် စစ်ကြောင်းထိုးနေမှုကြောင့် ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအနီးတွင် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article