25.4 C
Yangon

ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ပစ်ခတ်သော ကျည်ထိမှန်၍ ပြည်သူ ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၂၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ပစ်ခတ်သော ကျည်ထိမှန်ကာ ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်ရင်းမြစ်များနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဩဂုတ်လ ၂၃ ရက်နေ့တွင် ကန့်ဘလူမြို့နယ် အတွင်း အင်အား ၁၀၀ ကျော်ခန့်ဖြင့် စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ် နှင့် တော်လှန်ရေး တပ်ဖွဲ့များ ရွှေဘိုမြစ်ကြီးနား လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော ကျည်ထိမှန်ကာ ယာဉ်မောင်း ပြည်သူ ၂ ဦးသေဆုံးပြီး ခရီးသွား အမျိုးသမီး ၁ ဦးလည်း ကျည်ထိမှန်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ ၂ ဦး သေဆုံးခဲ့ခြင်းကြောင့် ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့တွင် ရက်အကန့်အသတ်မရှိ ပြန်ပိတ်လိုက်ကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင် ကန့်ဘလူမြို့နယ်၊ ယမနေကျေးရွာမှ ထွက်ခွာလာပြီး ကျီကျင်းရွာကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲက မနေ့က ဖြစ်တာ လမ်းပိုင်းက ခေတ္တပြန်ပွင့်သွားတော့ ပြည်သူတွေက ဖြတ်သန်းသွားလာနေတဲ့ အချိန် စစ်ခွေးတွေ ရမ်းသမ်း ပစ်ခတ်လို့ ယာဉ်မောင်း ပြည်သူ ၂ ဦးကတော့ ပွဲချင်းပြီးသေဆုံးတယ်။ အမျိုးသမီး ၁ ဦးလည်း ပေါင်ကို ကျည်ထိမှန်တယ်။ စစ်ခွေးတွေက အခုလည်း စစ်ကြောင်းထိုးနေတယ်။ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းကိုတော့ တော်လှန်ရေးတပ်ဖွဲ့ဘက်က ရပ်အကန့်အသတ်မရှိ ပြန်ပိတ်လိုက်ပြီလို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article