ဒီကနေ့ ဩဂုတ် ၂၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ရခိုင်ပြည်က ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ဖို့၊ အဲဒီအကြမ်းဖက်စစ်အုပ်စုကို ငွေကြေးပံ့ပိုးခဲ့တဲ့ KBZ နဲ့ Max တို့ကိုလည်း အရေးယူဖို့ Justice For Myanmar (JFM) က တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်အုပ်စုကို ချေမှုန်းနိုင်မှသာ ရိုဟင်ဂျာတွေအပါအဝင် ပြည်သူတစ်ရပ်လုံး လူ့အခွင့်အရေးနဲ့ တရားမျှတရေးကို ရရှိနိုင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောထားပါတယ်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ KIA ပူးပေါင်းတပ်တွေက ပြန်လည်ထိုးစစ်ဆင်နေတာ ကြောင့် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု များပြားကာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
