27.7 C
Yangon

ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာတွင် တိုက်ပွဲ ဆက် ဖြစ်နေပြီး စစ်တပ်က ပိတ်မိနေသည့် ပြည်သူ ၆ ဦးကို ပစ်သတ်၊ ပြည်သူပိုင် ပစ္စည်းများကို စစ်သားများက ခိုးယူနေပြီး နေအိမ်များကို မီးရှို့

Must read

ရန်ကုန်၊ ဩဂုတ် ၂၆

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာတွင် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး အကြမ်းဖက် စစ် တပ်က ရွာထဲ၌ ပိတ်မိနေသည့် ပြည်သူ ၆ ဦးကို ပစ်သတ်ကာ ပြည်သူပိုင် ပစ္စည်းများကိုလည်း စိတ် ကြိုက် ခိုးယူနေကြောင်း တော် လှန်ရေးစစ်ရေး သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၃ ရက်နေ့ ညနေပိုင်းတွင် နောင်ပိန်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်လာပြီးနောက် ကျေးရွာအတွင်း ပိတ်မိနေသည့် ပြည်သူများကို လက် နက်ငယ်များဖြင့် လိုက်လံ ပစ်ခတ်ခဲ့ရာ စစ်ဘေးရှောင် ပြည်သူ ၆ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း များပြားကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နောင်ပိန်ရွာအတွင်းရှိ ပြည်သူ ပိုင် နေအိမ်များနှင့် ဈေးဆိုင်များကိုလည်း စိတ်ကြိုက် ဖောက်ထွင်းနေပြီး ဆန်အိတ်များ၊ တန်ဖိုးကြီး ပစ္စည်းများ၊ ရွှေထည်ပစ္စည်းများနှင့် လူသုံးကုန် ပစ္စည်းအားလုံးကို လိုက်လံ ခိုးယူနေကြောင်း သိရှိရသည်။

“အခုထိ နောင်ပိန်ရွာထဲ တိုက်ပွဲတွေဖြစ်နေဆဲပါ။ စစ်ခွေးတွေကဘက်က ၁ ရပ်ကွက်က လူ ၁ ဦးကို လမ်းပြလုပ်ခိုင်းပြီး နေအိမ်တွေကိုကားထိုးပြီး ပစ္စည်းတွေ သယ်နေပါတယ်။ ဆန်အိတ်အတော် များများပါပါတယ်။ လူသုံးကုန် ပစ္စည်းအစုံကို ခိုးနေတာ နောက်ပြီးတော့ စစ်ခွေးတွေ ဝင်လာတဲ့နေ့က ရွာထဲမှာ ပိတ်မိနေတဲ့ ပြည်သူ ၆ ဦး ပစ်သတ်ခံရတယ်။ စစ်ခွေး သတင်းပေးတွေလည်း ရွာထဲမှာရှိတယ်။ မရှောင်ဘဲ ကျန်ခဲ့တဲ့ ပိတ်မိနေတဲ့ ပြည်သူတွေကို စစ်ခွေးတွေ လိုက်ပစ်နေတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက နောင်ပိန်ရွာ ပတ်ပတ်လည်တွင် ပိတ်ဆို့ထားပြီး ထိတွေ့ တိုက်ပွဲများ ဆက် လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်မှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

ဩဂုတ်လ ၂၀ ရက်နေ့ကလည်း ကျောက်မဲမြို့နယ်၊ ပင်တီးကျေးရွာ၊ ပင်တီးဘုန်းတော်ကြီးကျောင်းကို အကြမ်း ဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင် ပြည်သူ ၁၀ ဦး သေဆုံးကာ ၁၂ ဦး ပြင်း ထန်စွာ ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီ၏ အရပ်သား ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှု အပေါ် သျှမ်းကျောင်းသားသမဂ္ဂနှင့် Tai Youth အဖွဲ့တို့က ပြင်း ထန် စွာ ကန့်ကွက်ရှုတ် ချထားသည်။

ဓာတ်ပုံ- ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာကို စစ်တပ် လေကြောင်းတိုက် ခိုက် သဖြင့် နေအိမ်များ မီးလောင်ကျွမ်းနေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article