ဒီကနေ့ ဩဂုတ် ၂၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ရခိုင်ပြည်၊ မြောက်ဦးမြို့၊ ပြည်သူတွေနေထိုင်တဲ့ ဒိုင်းကျီ ရပ်ကွက်ကို စစ်တပ်က လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးကျဲချခဲ့တာကြောင့် ပြည်သူ ၁၁ ယောက်သေဆုံးသွား တယ်လို့ ဒေသသတင်းရင်းမြစ် Arakan Princess Media ရဲ့ သတင်းဖော်ပြချက်နှင့် ဒေသပြည်သူတချို့ရဲ့ ဆက်သွယ်ပြောကြားတာတွေကြောင့် သိရပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်မှုထမ်း လူစားထိုးရောင်းစားမှုတွေ၊ စစ်မှုထမ်း ငွေကြေးကောက်ခံမှုတွေနှင့် အုပ်စုဖွဲ့ပြီးတော့ လူ ငယ်တွေကို စစ်မှုထမ်းဖမ်းဆီးမှုတွေ နှင့်ပတ်သက်ပြီး နေပြည်တော်ကို နေ့တိုင်း အမှုရာချီ တိုင်ကြားမှုတွေရှိနေတယ်လို့ နေပြည်တော် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးခဲ့ရတဲ့ စစ်မှုထမ်းတပ်သားကလဲ အလင်းဝင်လာခဲ့ပါတယ်။ ရန်ကုန်မြို့ပေါ်မှာ ပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့ စစ်မှုထမ်း တပ်သားသစ် ကိုအောင်သူဝင်းဟာ ကျည်နှင့်ခဲယမ်း တွေ ယူဆောင်လာပြီး အလင်းဝင်ရောက်လာတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
