ရန်ကုန်၊ ဩဂုတ် ၂၆
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ဘုတ်ပြင်းမြို့မှ လေညာမြို့ဘက်သို့ တက်လာသော စစ်ကား ၃ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ G2 အပါအဝင် ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KNU -မြိတ်-ထား ဝယ်ခရိုင်၊ သတင်းနှင့်ပြန်ကြားရေးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယမန်နေ့ ဩဂုတ်လ ၂၅ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန် ဘုတ်ပြင်းမြို့မှ လေညာမြို့ဘက်သို့ ဦး တည်၍ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကား ၃ စီးကို မြိတ်-ထားဝယ်ခရိုင်၊ လယ်က ဆော မြို့နယ်၊ ထောင်ယွန်းကျေးရွာအနီး၌ စောင့်ကြိုပြီး မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်မှ G2 အပါအဝင် စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ယင်းစစ်ကားများမှာ ဘုတ်ပြင်းမြို့ဘက်သို့ ပြန်ဆုတ်သွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း ၂၀၃ ၊ တပ်ခွဲ ၂ မှ ရဲဘော်များက တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ ဝင်ပေါက်ရှိ အကြမ်းဖက်စစ်တပ်၏ ဖောင်စိန်စစ်ဆေး ရေးဂိတ် (Tollgate)ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံး ၃ ဦး ထိခိုက်ဒဏ်ရာရရှိ NMSP-AD/Ramonnya Mon Armyမှ သတင်းထုတ်ပြန်ထား သည်။
ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်တွင် သံဖြူဇရပ်မြို့ ဝင်ပေါက်ရှိ အကြမ်းဖက်စစ်တပ် ၏ ဖောင်စိန်စစ်ဆေးရေးဂိတ် (Tollgate)ကို ရာမညမွန်တပ်တော် (RMA) မုဒုံမြို့နယ်ရှိ တပ်ဖွဲ့ဝင် များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက် ပွဲ ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁ ဦးသေဆုံး၊ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိကာ၊ ရာမညမွန်တပ်တော် (RMA) ၏ တပ်ဖွဲ့ဝင်အားလုံး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရှိရသည်

