27.2 C
Yangon

ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့၊ ကြံစိုက်ခင်းသို့ စက်ဖြင့် ရေသွင်းနေစဉ် မတော်တဆမှုကြောင့် ညာဘက် လက် မောင်း ပြတ်ထွက်သွားသော မြန်မာအလုပ်သမား ကိုမျိုးဇော်ဦးကို ထိုင်းသူဌေးက တာဝန်မယူဘဲ အလုပ်ဖြုတ်

Must read

ရန်ကုန်၊ ဩဂုတ် ၂၆

ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့၊ ကြံစိုက်ခင်းသို့ စက်ဖြင့် ရေသွင်းနေစဉ် မတော်တဆမှုကြောင့် ညာဘက် လက်မောင်း ပြတ်ထွက်သွားသော မြန်မာအလုပ်သမား ကိုမျိုးဇော်ဦးကို ထိုင်းသူဌေးက တာဝန်မယူဘဲ အလုပ်ဖြုတ်လိုက်သဖြင့် နစ်နာကြေးရရှိရေး လိုက်ပါဆောင်ရွက်ပေးနေရကြောင်း အလုပ်သမားမဟာ မိတ်အဖွဲ့ (WAG) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ကြံစိုက်ခင်းအတွက် စက်ဖြင့် ရေသွင်းနေစဉ် ရေတင်စက်ပန်ကာတွင် ငါးဖမ်းပိုက်လာငြိကြောင်း၊ ထို့ကြောင့် အလုပ်သမား ကိုမျိုးဇော်ဦးက ရေတင်စက်ပန်ကာတွင် ငြိနေသော ပိုက်ကို ဖြုတ်ယူခဲ့ကြောင်း၊ ထိုသို့ ဖြုတ်ယူချိန် မတော်တဆမှုဖြစ်ပွားကာ ရေစီးအားကြောင့် လက်နှင့်ပိုက်များငြိကာ ညာဖက်လက်မောင်းအရင်းမှ ပြတ်ထွက်သွားခဲ့ကြောင်း၊ သို့ရာတွင် သူဌေးဖြစ်သူက ကိုမျိုးဇော်ဦးအတွက် တာဝန်မယူအလုပ်ဖြုတ်ပစ်ခဲ့ကြောင်း သိရှိရသည်။

ထို့ကြောင့် လုပ်ငန်းခွင်အတွင်း အလုပ်လုပ်နေစဉ် ထိခိုက်မှုကို သူဌေးဖြစ်သူက တာဝန်မယူသည့် အတွက် အလုပ်သမားမဟာမိတ်အဖွဲ့ (WAG)က အလုပ်သမားနှင့်အတူ မြို့နယ်ခံ ပကန်စန်ခွန်ရုံးနှင့် ဆဝါဒီကန်ရုံးသို့ သွာရောက်တိုင်ကြားခဲ့ကြောင်း၊ မြို့နယ်ရုံးက ဝင်ရောက်စစ်ဆေးချိန်တွင် သူဌေးဖြစ်သူဘက်က ဆေးရုံထွက်ဆိုချက်ကို မှားယွင်းလိမ်လည်ထွက်ဆိုခဲ့၍ နစ်နာကြေး ရရှိရန်မှာ ကြန့်ကြာခဲ့ရကြောင်း သိရှိရသည်။

“အဓိကက သူဌေးက ပကန်စန်ခွန် မလုပ်ထားဘူး။ အဲဒီတော့ နစ်နာ‌ကြေးအတွက်က သူပဲပေးရမှာ။ အဲဒီဟာကို မပေးလိုတော့ သူက လိမ်ပြီး ထွက်တာ အလုပ်သမားက သူ့ဘာသာ ငါးရှာဖမ်းရင်း လက်ထိတယ်ဆိုပြီး။ အဲဒီအတွက် ကျနော်တို့က မျက် မြင်သက်သေစကားပြန် ကောင်လေးကို ပြန်ရှာရတာတွေ အစက ပြန်လုပ်ရတာပေါ့” ဟု အလုပ်သမားမဟာမိတ်အဖွဲ့ (WAG) မှ တာဝန်ရှိသူက ပြောကြားသည်။

လတ်တလောတွင် ကိုမျိုးဇော်၏ ဆုံးရှုံးသွားသော ညာဘက်လက်အတွက် ရသင့်ရထိုက်သော နစ်နာ ကြေးကို ရရှိရန်အတွက် အလုပ်သမားရှေ့နေများနှင့် ချိတ်ဆက်ပူးပေါင်း၍ အလုပ်သမားမြို့နယ်ပကန်စံခွန်ရုံးတွင် ထပ်မံတိုင်ကြားခဲ့ကြောင်း၊ အလုပ် သမားဌာနဆိုင်ရာ ထိုင်းအာဏာပိုင်များက နစ်နာကြေးရရှိရန်အတွက် ကိုမျိုးဇော်ကို ခေါ်ယူတွေ့ဆုံခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article