27.2 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၂၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၂၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အကြမ်းဖက် စစ်ကောင်စီတပ်က လုပ်မယ့် အတုအယောင်ရွေးကောက်ပွဲဟာ ဥပဒေအကြောင်းအရ တရားမဝင်တဲ့အတွက် KNU က လုံးဝလက်မခံဘူးလို့ တရားဝင်ကြေညာလိုက်သလို ၊အဲဒီ အတု အယောင် ရွေးကောက်ပွဲမှာ ပါဝင်မယ့်သူတွေဟာ “အဆိပ်ပင် ရေလောင်းတဲ့ သမိုင်းတရားခံ” ဖြစ်လိမ့်မယ်လို့ လည်း KNU က သတိပေးလိုက်ပါတယ်။

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်း ကို KNLA ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီဘက်က G 2 ဗိုလ်မှူး အပါအဝင် စစ်သား အယောက် ၂၀ ဝန်းကျင်က အသီးသီး သေကုန်ကြပြီးနောက် သူတို့စစ်သားအလောင်းတွေကိုသယ်ပြီး ပြန်ဆုတ်ပြေးသွားကြတယ်လို့ KNU ကနေ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကြောင်းထိုးလာပြန်တဲ့ အကြမ်းဖက် စစ်ကောင််စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးဝန်းကျင်ကတော့သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article