29 C
Yangon

ဘုတလင်မြို့ပေါ်မှ စစ်တပ် စစ်ကြောင်း ထွက်လာ၍ ကျေးရွာ ၁၃ ရွာက ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဩဂုတ် ၂၆

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ထွက်လာ၍ ကျေးရွာ ၁၃ ရွာက ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ဒေါင်းရာဇာပင်မ သပိတ်စစ်ကြောင်းမှ တာဝန်ရှိသူ ကိုမိုးကြိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဩဂုတ် ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ဘုတလင်မြို့ပေါ်မှ ကားလမ်း အတိုင်း အင်အား ၁၀၀ ခန့်ပါသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း ထွက်လာ၍ မြို့အနီးအနားရှိ ကျေးရွာ ၁၃ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လက်ရှိချိန်တွင် မြောက်ကျီကျေးရွာ၊ ထတန်းရွာ ၊​မြောက်တောရွာ၊ ရှမ်းတဲရွာ၊ တလှိုင်းရွာ၊ ပဲပြစ်တောနောက်ရွာ၊ ပဲပြစ်တောရှေ့ရွာ ၊ဆိတ်သာကန်ရွာ ၊ ကြို့ကုန်းရွာ၊ နတ်ရွာ၊ မြင်သာရွာ ၊ ရွာသာလေးရွာ ၊ အုတ်ဖိုကျေးရွာ တို့မှ ပြည်သူ ၇၀၀၀ နီးပါးသည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင် နေရခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေး စစ်ကြောင်းက ဒီနေ့ထပ် ထွက်လာတာပါ။ စစ်ခွေး အင်အားက ၁၀၀ ဝန်းကျင်လောက်ရှိတယ်။ ပြည်သူတွေ ဖမ်းဆီးတာမျိုးမရှိပါဘူ။ နေအိမ်တွေကိုလည်း ခုချိန်ထိတော့ မီးရှို့တာမရှိသေးပါဘူး။ ကျေးရွာ ၁၃ ရွာ ပြည်သူ ၇၀၀၀ နီးပါးရှောင်နေရပါတယ်။ လက်ရှိမှာ စစ်ခွေးတွေက ပဲပြစ်တောအရှေ့ရွာထဲမှာပဲ ရှိပါသေးတယ်။ အဲဒီ ရွာမှာပဲ အထိုင်ချ တပ်စွဲထားပါတယ်။ ပြည်သူတွေကို ဖမ်းတာမျိုးမရှိဘူး။ ပြည်သူတွေက သတင်းကြားလို့ရှောင်နေကြတာပါ” ဟု ဒေါင်းရာဇာပင်မသပိတ်စစ်ကြောင်းမှ တာဝန်ရှိသူကိုမိုးကြိုးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိအချိန်ထိ ပဲပြစ်တောအရှေ့ရွာထဲ၌ တပ်စွဲထားပြီး မည်သည့် နေရာသို့ ဆက်လက် ထွက်ခွာမည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article