24.1 C
Yangon

ဘုတလင်မြို့ပေါ်မှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၂၇

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဘုတလင်မြို့နယ် ပကဖ မှ တာဝန်ရှိသူ အဖြူရောင် ကြွက်ကလေးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၆ ရက်နေ့ ည ၇ နာရီခန့်တွင် ဘုတလင်မြို့မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ပဲပြစ်တောအရှေ့ရွာတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပါ ဒဏ်ရာရရှိသူ များပြားပြီး MA – 1 ၊ MA-11 သေနတ် ၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး စစ်ကြောင်းနဲ့ ကျနော်တို့ PDF တပ်ဖွဲ့တွေ ဘုတလင်နယ် ပဲပြစ်တော (ရှေ့) ရွာမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပေါ့။ စစ်ခွေး ၇ ကောင်သေတယ်။ ဒဏ်ရာရတာလည်း အများအပြားရှိပါတယ်။ စစ်ခွေး စစ်ကြောင်းကတော့ အနောက်ကို ပြန်ခေါက်သွားပြီ” ဟု ဘုတလင်မြို့နယ် ပကဖ မှ တာဝန်ရှိသူ အဖြူရောင် ကြွက်ကလေးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဘုတလင်မြို့နယ် တပ်ပေါင်းစု စစ်ကြောင်း နှင့်အတူ မုံရွာခရိုင်တပ်ရင်း (၂၀) BOB တပ်ရင်း၊ ပုလဲမြို့နယ် အခြေစိုက် ဗိုလ်မျက်လုံး တပ်ဖွဲ့၊ ဗမာ့တပ်တော် စစ်ဒေသ(၂)အမှတ်(၅၀၅)တပ်ရင်း၊ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာန၏ ကွပ်ကဲမှုအောက်မှ ရွှေဘို ခရိုင်တပ်ရင်း(၉)၊တပ်ရင်း(၁၂)၊ဗျူဟာ(၅၃) ဒီပဲယင်း အခြေစိုက်ဂဠုန် တပ်တော် ၊ Depeyin Locan Mobile Team အဖွဲ့ ၊ အနောက်မြောက်လွင်ပြင် Galaxy Force၊ ဖီးနစ်တပ်ခွဲ၊ ရေဦးမြို့နယ် ပကဖ ၊ ကနောင် တပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article