24.1 C
Yangon

ဝက်လက်မြို့နယ်၊ ရုံပင်ကုန်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၄ ဦး သေဆုံးသည်ဟု ကနဦး သိရ

Must read

ရန်ကုန်၊ ဩဂုတ် ၂၇

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရုံပင်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦး သေဆုံးသည်ဟု ကနဦးသိရကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၁၆ မိနစ်မှ ၁၉ မိနစ်ထိ ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်း ရုံပင်ကုန်းရွာ အနီးတဝိုက်ကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ကျေးရွာနေ ပြည်သူ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးကြောင်း ကနဦး သိရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆ ဦးခန့် ရှိကြောင်း သိရှိရသည်။

ထို့သို့ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် မတ္တရာမြို့ပေါ်မှ အကြမ်းဖက် စစ်သားများကလည်း ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ စစ်ခွေးတွေ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ အဲလိုလေကြောင်း တိုက်ခိုက်ပြီး မကြာဘူး။ မတ္တရာမြို့ပေါ်ကနေ ဟောင်ဝှစ်ဇာ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ပါတယ်။ ပြည်သူ သေဆုံးတာ ၄ ဦးလို့ ကနဦး သိရတယ်။ ထိခိုက်ဒဏ်ရာရတာ ၆ ဦးရှိတယ်” ဟု Wetlet Informational Network မှ တာဝန်ရှိသူက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က လူမဆန်စွာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကြောင့် ပြည်သူများ အနေဖြင့် အထူးဂရုပြု နေထိုင်ကြရန် Wetlet Informational Network က အသိပေး နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article