28 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင်နှင့် မိန်းမ ကြူကြူလှ ဩဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၆ ရက်နေ့အထိ တရုတ်ပြည်သွားမည်

Must read

ရန်ကုန်၊ ဩဂုတ် ၂၈

အကြမ်းဖက် မင်းအောင်လှိုင်နှင့် မိန်းမ ကြူကြူလှတို့က လာမည့် ဩဂုတ်လ ၃၀ ရက်နေ့မှ စက်တင် ဘာလ ၆ ရက်နေ့အထိ တရုတ်ပြည်သွားရောက်မည်ဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဩဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့ အထိ ပြုလုပ်မည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organization -SCO) ၏ ၅ ကြိမ်မြောက် ထိပ်သီးအစည်းအဝေး တက်ရောက်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် SCO အဖွဲ့ဝင်နိုင်မဟုတ်သော်လည်း ၂၀၂၃ ခုနှစ်ကတည်းက SCO ၏ ဆွေးနွေးဖက် နိုင်ငံအဖြစ် အသိအမှတ်ပြုခံထားရသည်။

ဓာတ်ပုံ- ယမန်နှစ် တရုတ်နှစ်သစ်ကူးပွဲတက်ရောက်ခဲ့သည့် အကြမ်းဖက် မင်းအောင်လှိုင်။ (ပုံအဟောင်းဖြစ်ပါသည်။)

ထို့ပြင် အကြမ်းဖက် မင်းအောင်လှိုင်က တရုတ်နိုင်ငံတွင် စက်တင်ဘာလ ၃ ရက်နေ့ ပြုလုပ်ရန် ရှိသည့် နှစ် ၈၀ ပြည့် ဂျပန်စစ်တပ်လက်နက်ချ အညံ့ခံခြင်းနှင့် ဒုတိယကမ္ဘာစစ်အောင်နိုင်ခြင်း စစ်ရေးပြချီတက်ပွဲသို့လည်း တက်ရောက်မည်ဖြစ်သည်။

မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်နေသော မြို့တချို့နှင့် စက်မှုဇုန်တချို့ကိုလည်း သွားရောက်လေ့လာမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article