24.6 C
Yangon

ကမ္မမြို့ပေါ် ရဲစခန်းဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ၊ မုံရွာမြို့တွင် ဂျင်ဘားသို့ လာရောက်သည့် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်

Must read

ရန်ကုန်၊ ဩဂုတ် ၂၈

မကွေးတိုင်း၊ ကမ္မမြို့ပေါ်ရှိ ရဲစခန်းဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း RED GIANT အဖွဲ့မှ ဒေါင်းနီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၆ ရက်နေ့တွင် ကမ္မမြို့ပေါ်ရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော ရဲစခန်းဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိသည်။

“ဂိတ်မှာတော့ ၆ ယောက် လောက်ရှိတယ်။ စခန်းထဲမှာတော့ အင်အား ၄၀ လောက်ရှိမယ်။ စစ်ခွေးသေစာရင်းကတော့ ဆက်လက်စုံစမ်းနေပါတယ်။ ၂၆ ရက်နေ့က တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ ထိခိုက်မှုတော့ရှိနိုင် ဘန်ကာနားကျတာဆိုတော့ အရေအတွက်ကိုတော့ အတည်ပြုနေပါတယ်” ဟု RED GIANT အဖွဲ့မှ ဒေါင်းနီက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို RED GIANT၊ အလင်းတန်းပျောက်ကျားတပ်ဖွဲ့ (မြိုင်)၊ ဂဠန်ပျောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင်လည်း ဂျင်ဘားသို့ လာရောက်သည့် စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၂၅ ရက်နေ့တွင် ရွှေဘိုမြို့တွင်း အမှတ် ၁၀ ရပ်ကွက်တွင် ဖွင့်လှစ်ထားသော ဂျင်ဘား တစ်ခုကို လာရောက်သည့် စစ်သားနှင့် ရဲများကို တော်လှန်ရေး ရဲဘော်များက လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ shwebo Crocodile ၊ ဗိုလ်လင်းရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article