27 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၃၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၃၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-တရုတ်သမ္မတ ရှီကျင့်ပင်ကို လက်ဆောင်ပေးဖို့အတွက် ပြစ်ဒဏ်ကျခံထားရတဲ့ တရုတ်နိုင်ငံသားတချို့ကို လွတ်ငြိမ်းခွင့်ပေးပြီး အကြမ်းဖက် မင်းအောင်လှိုင်က လေယာဉ်နဲ့ တရုတ်နိုင်ငံကို တစ်ပါတည်းတင်ခေါ်သွားမှာ ဖြစ်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ လာမည့် စက်တင်ဘာလစမယ့် စစ်မှုထမ်း အပတ်စဉ် ၁၇ အတွက် စစ်မှု ထမ်းအင်အား လုံလုံလောက်လောက် မရလို့ဆိုပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ ချောက်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ၁ ဗိုလ်မှူး တင်ထွန်းဦးက လူငယ်မှန်သမျှကို နေအိမ်တွေအပေါ်အထိ တက်ဖမ်းခိုင်းနေတယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းထဲ ကနေ ထွက်ပြေးလာတဲ့ စစ်သား ၁ ဦးနဲ့ စစ်မှုထမ်း တပ်သားသစ် ၃ ဦးကို တော်လှန်ရေးတပ်တွေက အရှင်ဖမ်းဆီးရမိထားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article