25 C
Yangon

မြင်းမူနှင့် မတ္တရာမြို့နယ်တွင် ကျေးရွာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၃၀

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ငကင်းရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

ယနေ့ ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော စက်တပ်လေထီး ၂ စီးက မြင်းမူမြို့နယ်၊ ငကင်းရွာ မာန်အောင်ရတနာမြတ်စွာဘုရားကြီး အတွင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး ဘုရားဝင်း အတွင်း ထိခိုက်ပျက်စီးမှုကြောင်း သိရှိရသည်။

အလားတူ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရေနံသာရွာအနီးကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်အချိန် မတ္တရာမြို့နယ်၊ ရေနံသာရွာအနီးအနားကို တံတားဦး လေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စင်းက ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော် လည်း ကျေးရွာနေပြည်သူများမှာ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“အထိအခိုက်မရှိဘူးလို့ ကနဦးသိရပေမယ့် ပြည်သူတွေတော့ ရွာထဲမှာမရှိတော့ဘူး။ တိမ်းရှောင်နေရပြီး စစ်ခွေးတွေ လေကြောင်း တိုက်ခိုက်မှာကို စိုးရိမ်လို့ ပြည်သူတွေက ဘေးလွတ်ရာကို တိမ်းရှောင်နေရကြတာပေါ့” ဟု Wetlet Informational Network မှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article