27 C
Yangon

ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူစောထီးရွာရှိ စစ်တပ်ကို ဒရုန်းဖြင့် ၂၈ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြား

Must read

ရန်ကုန်၊ ဩဂုတ် ၃၁

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူစောထီးရွာရှိ အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ၂၈ ကြိမ် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူများပြားကြောင်း အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူစောထီးရွာရှိ အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ၂၈ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုဗုံးကျဲ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး ပျူစောထီး ခေါင်းဆောင် သင်္ဃန်းဝတ် ဝါယမ သည် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် နေပြည်တော်သို့ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရှိရသည်။

“ကျနော်တို့ အညာမြေတပ်ပေါင်းစုရဲ့ drone team ဖွဲ့စည်းပြီးနောက် ပထမဆုံး ပွဲဦးထွက် မစ်‌ရှစ်လုပ်ဆောင်တာပေါ့။ အဲ့ ညောင်ဂျစ်ပင်ပျူစောထီးရွာမှာက ပျူစောထီး ကတုံး ဝါယမနဲ့ ပျူခွေး ၊ စစ်ခွေးတွေ စုစုပေါင်း ၁၀၀ လောက် တပ်စွဲထားတယ်။ ကျနော်တို့ ကျဲချတဲ့ ဗုံးတွေက ဝါယမရဲ့ ကျောင်းပေါ်ကို ၄ လုံးကျတယ်။ အခြားဗုံးတွေက ညောင်ဂျစ်ပင်ပျူစောထီးရွာမှာရှိတဲ့ ဘန်ကာတွေ စစ်ခွေးတန်းလျားတွေပေါ်ကျရောက် ပေါက်ကွဲတယ်။ စစ်ခွေး ၁ ကောင်သေပြီး ထိခိုက်ဒဏ်ရာရတာများတယ်။ အသေးစိတ် အခြေအနေကိုတော့ ဆက်လက် စုံစမ်းနေပါတယ်။ ပျူစောထီး ခေါင်းဆောင် ဝါယမ ကတုံးကတော့ ဘုန်းကြီးကျောင်းမှာ ဆက်လက် မနေထိုင်ရဲတော့ဘဲ နေပြည်တော်ကို ထွက်ပြေးသွားတယ်လို့ သိရတယ်” ဟု အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို အညာမြေတပ်ပေါင်းစု drone team အဖွဲ့နှင့်အတူ အလင်းတန်းပြောက်ကြားတပ်ဖွဲ့၊ PI pdf အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article