26.3 C
Yangon

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ၏ ကွန်ဒိုအခန်းဝယ်ယူမှုနှုန်းက ယခုနှစ် ပထမ ၆ လအတွင်း ၁၁၉ ရာခိုင်နှုန်းအထိ ထိုးတက်သွားပြီး ထိုင်းဘတ်ငွေ ၁ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ ကွန်ဒိုအခန်း ၅၃၃ ခန်းဝယ်ယူ

Must read

ရန်ကုန်၊ ဩဂုတ် ၃၁

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ၏ ကွန်ဒိုအခန်းဝယ်ယူမှုနှုန်းက ယခုနှစ် ပထမ ၆ လအတွင်း ၁၁၉ ရာခိုင်နှုန်းအထိ ထိုးတက်သွားပြီး ထိုင်းဘတ် ငွေ ၁ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ ကွန်ဒိုအခန်း ၅၃၃ ခန်းဝယ်ယူထားကြောင်း ထိုင်းအိမ်ခြံမြေသတင်းအချက်အလက်ဌာန-REIC က သတင်းထုတ်ပြန်သည်။

ယခု ၂၀၂၅ ခုနှစ် ပထမ ၆ လအတွင်း ထိုင်းနိုင်ငံတွင် ကွန်ဒိုအခန်းပေါင်း ၇၁၆၇ ခန်း တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေ ၂၈ ဒသမ ၇၁ ဘီလီယံဖိုး ရောင်းချခဲ့ရပြီး တရုတ်နိုင်ငံက ပထမ ဝယ်ယူသူနေရာတွင်လည်းကောင်း၊ မြန်မာနိုင်ငံက ဒုတိယဝယ်ယူသူနေရာတွင် ဆက်လက် တည်ရှိနေကြောင်း၊ မြန်မာနိုင်ငံသားများ၏ ထိုင်းနိုင်ငံအတွင်း ကွန်ဒိုဝယ်ယူမှုမှာ ၁၁၉ ရာခိုင်နှုန်းအထိ ထိုးတက်သွားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသားများက ပထမ ၆ လပတ်အတွင်း ထိုင်းနိုင်ငံတွင် ကွန်ဒိုအခန်းပေါင်း ၅၃၃ ခန်း တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေ ၁ ဒသမ ၃၄ ဘီလီယံဖြင့် ဒုတိယဝယ်ယူသော နိုင်ငံစာရင်းတွင်ပါဝင်နေကြောင်း၊ ယင်းပမာဏမှ ယခင်နှစ်ထက် ၃၀ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံသားများ၏ ကွန်ဒိုဝယ်ယူမှုမှာ လျော့ကျသွားပြီး ၂၀၂၅ ခုနှစ် ပထမ ၆ လတွင် ကွန်ဒိုအခန်း​ပေါင်း ၈၉၉ ခန်း တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေ ၆ ဒသမ ၁၁ ဘီလီယံသာ ဝယ်ယူတော့ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံသားများ၏ ထိုင်းနိုင်ငံတွင်း ကွန်ဒိုဝယ်ယူမှုမှာ ၂၈ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းသွားပြီး တရုတ်နိုင်ငံ၏ ပြည်တွင်းစီးပွားရေး နှေးကွေးမှုက သက်ရောက်မှုရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံတွင် ယခုနှစ် ပထမ ၆ လ၏ ကွန်ဒိုဝယ်ယူမှု အများဆုံး ၁၀ နိုင်ငံမှာ နံပါတ် ၁ အဖြစ် တရုတ်နိုင်ငံက ကွန်ဒိုအခန်းပေါင်း ၈၉၉ ခန်း၊ နံပါတ် ၂ အဖြစ် မြန်မာက ကွန်ဒိုအခန်းပေါင်း ၅၃၃ ခန်း၊ ရုရှားက ကွန်ဒိုအခန်း ၂၇၂ ခန်း၊ ထိုင်ဝမ်က ၁၈၁ ခန်း၊ ပြင်သစ်က ကွန်ဒို ၁၇၀ ခန်း၊ အမေရိကန်က ၁၂၄ ခန်း၊ ဗြိတိန်က ၁၀၈ ခန်း၊ ဂျာမနီက ၁၀၈ ခန်း၊

အိန္ဒိယက ၆၆ ခန်းနှင့် ဂျပန်က ၃၈ ခန်း ဝယ်ယူထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article