27 C
Yangon

မြိုင်နှင့် ပုလဲ မြို့နယ်ရှိ PDF အထိုင်စခန်း၊ ဂိတ်စခန်းနှင့် ဇေယျာကုန်းဈေးကို စစ်တပ်က လေယာဉ်၊ စက်တပ်လေထီးများဖြင့် တပြိုင်တည်း ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဩဂုတ် ၃၁

မကွေးတိုင်း မြိုင်မြို့နယ်နှင့် စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ PDF အထိုင်စခန်း၊ ဂိတ်စခန်းနှင့် ဇေယျာကုန်းဈေးကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ စက်တပ်လေထီးများဖြင့် တပြိုင်တည်း ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် တံတားဦးလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၂ စီးဖြင့် မြိုင်မြို့နယ်၊ သပြေပင်ရွာ ယင်းမာပင်ခရိုင် တပ်ရင်း ၁၁ အထိုင်စခန်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ နံနက် ၁၁ နာရီ ၁၉ မိနစ်ခန့်တွင်လည်း ပုလဲမြို့နယ် ၊ လက်ပံအေးရွာ PDF ဂိတ်ကင်းစခန်းနှင့် ဇေယျာကုန်းဈေး တို့ကိုလည်း အကြမ်းဖက် စစ်တပ်က စက်တပ် လေထီးဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လေကြောင်း တိုက်ခိုက်မှု ဆက်လက် ပြုလုပ်မည်ကို စိုးရိမ်သောကြောင့် ပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

“ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရတယ်။ လယ်ကွင်းတွေကိုပဲ ကျတာဆိုတော့ တခြားပျက်စီးမှုတော့မရှိပါဘူး။ ကြိုတင်ရှောင်ရှားနိုင်ခဲ့တယ်ပေါ့။ ပြည်သူတွေကတော့ စစ်ခွေးတွေ လေကြောင်း တိုက်ခိုက်တာတွေ ဆက်လက် လုပ်ဆောင်လာမှာဆိုးလို့ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်” ဟု ဒေသတွင် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article