25.7 C
Yangon

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ငတရော်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုပြည်သူ ၃ ဦး ပွဲချင်းပြီး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြား

Must read

ရန်ကုန်၊ ဩဂုတ် ၃၁

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ငတရော်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး ပွဲချင်းပြီး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း Yesagyo Township Info Committee မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ငတရော်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ အလွန်များပြားကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများတွင် ပြင်းထန်ဒဏ်ရာရရှိသူများလည်း ပါဝင်ပြီး သေဆုံးသူ အရေအတွက် ထပ်တိုးနိုင်ကြောင်း သိရှိရသည်။

“ဘာတိုက်ပွဲမရှိဘဲ လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ ကနဦး သိရတာတော့ ပြည်သူ ၃ ဦးကတော့ ပွဲချင်းပြီးသေဆုံးတယ်။ ထိခိုက်ဒဏ်ရာရရှိသူများတယ်။ ပြင်းထန်ဒဏ်ရာရတဲ့သူတွေလည်း ပါဝင်တော့ သေဆုံးသူ အရေအတွက် ထပ်တိုးနိုင်တယ်။ ထိခိုက်ဒဏ်ရာရတဲ့သူ အရေအတွက်ကတော့ အတည်မပြုနိုင်သေးဘူး” ဟု Yesagyo Township Info Committee မှ တာဝန်ရှိသူက ပြောဆိုသည်။

(ဓာတ်ပုံများမှာ Facebook ၏ Community Standard ကို လိုက်နာရပါသဖြင့် ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ဆင်ဆာ ဖြတ်တောက်ခြင်းမရှိဘဲ သွားရောက် ကြည့်ရှု့ နိုင်သည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article