27.1 C
Yangon

ကလေးဝမြို့နှင့် စစ်ကိုင်းမြို့နယ် တို့တွင် စစ်မှုထမ်း တပ်သားသစ် ၂ ဦးနှင့် စစ်သား ၁ ဦး အလင်းဝင်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့ မြစ်သာတံတားထိ ဂိတ်တွင် တာဝန်ကျနေသည့် စစ်သား ၁ ဦး သေနတ်ယူဆောင်လာခြင်းမရှိဘဲ အလင်းဝင်ရောက်ခဲ့ကြောင်း Student’s Revolutionary Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဩဂုတ်လ ၃၁ ရက်နေ့တွင် ကလေးဝမြို့ မြစ်သာတံတား အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်မှ စစ်သား ၁ ဦး သည် သေနတ်ယူဆောင်လာခြင်းမရှိဘဲ ကျောင်းသား တော်လှန်ရေးတပ်တော် (S.R.F) ထံသို့ ဆက်သွယ်ကာ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“အလင်းဝင်ရောက်လာတဲ့သူက သေနတ် မပါပါဘူး။ ဒီနေ့အလင်းဝင်ရောက်လာတာပါ။ ကျွန်တော်တို့ တပ်ဖွဲ့ဝင် ရဲဘော်တွေနဲ့ဆက်သွယ်ပြီး ဝင်ရောက်လာတာပါ။ ကျွန်တော်တို့ရဲ့ နယ်မြေစခန်းမှာပဲ ရှိသေးလို့ပါ” ဟု Student’s Revolutionary Force မှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ကျားမင်းကြီး ရွာနှင့် ဆားတောင်ရွာတွင် အထိုင်ချ တပ်စွဲထားသော စစ်တပ် စခန်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး သေနတ်ယူဆောင်လာခြင်းမရှိဘဲ အလင်းဝင်ရောက်လာခဲ့ကြောင်း PHOENIX (SGG) မီးလျှံငှက် (စစ်ကိုင်း) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဩဂုတ်လ ၃၁ ရက်နေ့တွင် စစ်ကိုင်းမြို့နယ် ကျားမင်းကြီး ရွာနှင့် ဆားတောင်ရွာတွင် အထိုင်ချ တပ်စွဲထားသော စခန်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး သေနတ်ယူဆောင်လာခြင်းမရှိဘဲ PHOENIX (SGG) မီးလျှံငှက် (စစ်ကိုင်း) အဖွဲ့ထံသို့ ဆက်သွယ်ကာ အလင်းဝင်ရောက်လာခဲ့ကြောင်း၊ ထိုအလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် ၂ ဦးသည် ဧရာ၀တီတိုင်းဘက်ဖြစ်ပြီး စစ်မှုထမ်း သက်တမ်း ၁ နှစ် ခွဲရှိပြီဖြစ်ကြောင်း သိရသည်။

“စစ်ကိုင်းမြို့နယ်၊ ကျားမင်းကြီးရွာနဲ့ ဆားတောင်ရွာ အကြားကနေ စစ်ခွေးတွေ အထိုင်ချထားတဲ့ နေရာက ထွက်ပြေးလာတာ ကျနော်တို့သွားရောက် ခေါ်ဆောင်ခဲ့တယ်ပေါ့။ သူတို့ ထွက်ပြေးလာတာကို ပြည်သူ တစ်ယောက်ကနေပြီးတော့ ကျွန်တော်တို့ ဆီ ဆက်သွယ်လာလို့ သွားခေါ်ပေးခဲ့တာပါ။ သူတို့ သေနတ်တော့မပါဘူး။ ဖုန်း ၂ လုံးပါတယ်။ စစ်မှုထမ်းဖို့ သူတို့ဘာသာသူတို့ ဝင်တာလို့ပြောပါတယ်။ စစ်ထဲဝင်တာက ၁ နှစ်ခွဲလောက်ရှိပြီ လို့သိရပါတယ်။ သူတို့ စိတ်နဲ့ သူတို့ ဝင်ခဲ့တာပါလို့ပြောပါတယ်။ သင်တန်းကျောင်းကိုတော့ တောင်ကြီးမှာ တက်ရောက်ခဲ့ပါတယ်။ စစ်ခွေးတွေရဲ့ ပြည်သူတွေကို နှိပ်စက်နေတာကိုမကြိုက်လို့ ထွက်ပြေးလာတာလို့ပြောပါတယ်။ သူတို့ကို ပလဖ ဆီပို့ပေးထားပါတယ်။ ဂုဏ်ပြုငွေကတော့ ပလဖ က ချီမြှင့်ပေးမှာ”ဟု PHOENIX (SGG) မီးလျှံငှက် (စစ်ကိုင်း) မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

ဆက်လက်၍ အကြမ်းဖက် စစ်ကောင်စီတပ်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိသော စစ်သား၊ ရဲနှင့် စစ်မှုထမ်း တပ်သားသစ်များ အလင်းဝင်ရောက်လိုပါက နွေးထွေးစွာ ကြိုဆိုသွားမည်ဖြစ်ကြောင်း PHOENIX (SGG) မီးလျှံငှက် (စစ်ကိုင်း) အသိပေး ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article