26.6 C
Yangon

လှိုင်သာယာမြို့နယ်၊ အမှတ် ၄ ရပ်ကွက်တွင် ရွေးကောက်ပွဲ ဆန္ဒမဲပေးနည်းလေ့ကျင့်ရန်ဟုဆိုကာ လူတိုင်း မဖြစ်မနေ လာရောက်ရန် အုပ်ချုပ်ရေးမှူး အောင်ကျော်မိုးက အတင်းအကျပ် ဆင့်ခေါ်နေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂

အကြမ်းဖက် စစ်တပ်က ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲအတွက် လှိုင်သာယာမြို့ နယ်၊အမှတ် ၄ ရပ်ကွက်တွင် ရွေးကောက်ပွဲ ဆန္ဒမဲပေးနည်းလေ့ကျင့်ရန်ဟုဆိုကာ လူတိုင်း မဖြစ်မနေ လာရောက်ရန် အုပ်ချုပ်ရေးမှူး အောင်ကျော်မိုးက အတင်းအကျပ် ဆင့်ခေါ်နေကြောင်း အဆိုပါ အိမ်ရာဝင်းအတွင်း နေထိုင်သူများက ပြောဆိုသည်။

စက်တင်ဘာလ ၄ ရက်နေ့ လှိုင်သာယာမြို့နယ်၊ အမှတ် ၄ ရပ်ကွက်အတွင်း မြို့တော်ရေကူးကန်တွင် လာမည့်ဒီဇင်ဘာလ ရွေးကောက်ပွဲအတွက် အီလက်ထရောနစ် မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်း လေ့ကျင့်ရန်အတွက် ရပ်ကွက်အတွင်းရှိ ပြည်သူများအားလုံး မပျက်မကွက်(မပျက်မကွက်) တက်ရောက်ရမည်ဖြစ်ကြောင်း နေအိမ်တိုင်းသို့ စာပေးပို့လာသည်။

” အမှတ် ၄ ရပ်ကွက်အုပ်ကြီး အောင်ကျော်မိုး သူက ရွေးကောက်ပွဲအတွက် အရမ်းတက်ကြွနေတာ။ FMI အိမ်ရာဝင်းထဲနေသူတိုင်း မဲပေးလေ့ကျင့်ပွဲ လာတက်ရမယ်ဆိုပြီး အတင်းအကျပ် ခေါ်နေတာ။ မဲပေးတာ ကိုယ်ပေးချင်ပေးမယ်၊ မပေးချင် မပေးဘူး ဆိုတာမျိုးမဟုတ်ဘူး။ လေ့ကျင့်ပွဲလည်း လာရမယ်၊ ရွေးကောက်ပွဲနေ့လည်း မဲလာပေးရမယ် အဲဒီလိုကြီး ဖိအားပေးနေတာ။ စာမှာကိုက မပျက်မကွက်(မပျက်မကွက်) ဆိုပြီး ၂ ကြိမ် ထည့်ရေးပြီး ခေါ်နေတာ” ဟု FMI ဝင်းအတွင်းနေထိုင်သူ ပြည်သူတစ်ဦးက ဆိုသည်။

ထို့ပြင် လှိုင်သာယာမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတိုင်းက လူမိုက်များကို ခါးပိုက်ဆောင် ပျူစောထီးများအဖြစ် မွေးမြူ၍ ပြည်သူများထံမှ ခြိမ်းခြောက်ငွေကြေးတောင်းခံမှုများ လုပ်ဆောင်နေရာတွင် အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်ကျော်မိုးမှာလည်း ပြည်သူများထံမှ စစ်မှုထမ်းကြေးဟုဆိုကာ လစဉ်ငွေကြေးကောက်ခံခြင်း၊ FMI ဝင်းအတွင်း အလုပ်လာလုပ်သူများထံမှ အခြေခံအလုပ်သမားများထံမှ ငွေကြေး အဓမ္မကောက်ခံခြင်း၊ ငွေကြေးချမ်းသာသူများကို အကြောင်းအမျိုးမျိုးပြ ငွေတောင်းမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“အမှတ် ၄ ရပ်ကွက်အုပ်ကြီးနဲ့ FMI အိမ်ရာ အုပ်ချုပ်ရေးမှူးတွေကတော့ လက်ဖျားငွေသီးနေကြတဲ့သူတွေ။ စစ်မှုထမ်းကြေးဟေ့ဆိုရင် တစ်အိမ်ထောင် ငွေကျပ် သိန်းသောင်းချီ လိုက်တောင်းတယ်။ ဘာကြေးညာကြေး အကုန်အကြောင်းပြ ငွေတောင်းတယ်။ ယုတ်စွအဆုံး FMI အိမ်ရာဝင်းထဲ အလုပ်လာလုပ်တဲ့ အလုပ်သမားတွေ၊ အခြေခံ အလုပ် သမားတွေဆီကနေ ငွေ ၁၀၀၀ ကစလို့ ၂၅၀၀ အထိ နေ့စဉ်တောင်းပြီး စီးပွားရှာနေကြတယ်” ဟု လှိုင်သာယာမြို့မှ တော်လှန်ရေးကင်းထောက်အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အလားတူ လှိုင်သာယာမြို့နယ်အတွင်း စစ်မှုထမ်း တပ်သားများ လုံလောက်စွာရရှိရေးအတွက် ပျူစောထီးများ၊ စစ်တပ်နှင့်ရဲများ စုပေါင်း၍ လူငယ်များကို ဖမ်းဆီးပေါ်တာဆွဲမှုများတွင်လည်း အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး အောင်ကျော်မိုးနှင့်အပေါင်းအပါများက တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်နေကြကြောင်း ဒေသပြည်သူများ၏ အဆိုအရ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article