တော်လှန်ရေးတပ်ဖွဲ့များထံသို့ ငွေကြေးနှင့်ကုန်ပစ္စည်းများ ကူညီထောက်ပံ့မှုများ မလုပ်ရန် UMFCCI က ကုမ္ပဏီများကို သတိပေး
ရန်ကုန်၊ စက်တင်ဘာ ၂
မြန်မာနိုင်ငံတွင် ကုမ္ပဏီထောင်စီးပွားရေးလုပ်သူအားလုံး ဘဏ်စာရင်းများနှင့် အမှန်တ ကယ်နေထိုင်သော နေရပ်လိပ်စာများကို စစ်တပ်လက်အောက်ခံ ဝန် ကြီးဌာနများသို့ ပေးပို့ရမည်ဖြစ်ပြီး မလိုက်နာလျှင် ငွေကြေးခဝါချမှုနှင့် အကြမ်း ဖက် ဥပဒေများဖြင့် စိစစ်အရေး ယူမည်ဟု စစ်တပ်က ညွှန်ကြားတစ် ရပ်ကို ယမန်နေ့ ထုတ်ပြန်သည်။
အကြမ်းဖက်စစ်တပ်က ယမန်နေ့ ထုတ်ပြန်လိုက်သော ညွှန်ကြားချက်တွင် မြန်မာနိုင်ငံတွင် ကုမ္ပဏီထောင်ထားသူများအားလုံး မှတ်ပုံတင်အရာရှိထံသို့ ဘဏ်စာရင်းများ၊ ကုမ္ပဏီရုံးခန်း လိပ်စာ အမှန်တကယ် မြေပြင်တွင်ရှိကြောင်း ရဲစခန်းထောက်ခံချက်၊ ကုမ္ပဏီ ဒါရိုက်တာများ၏ အမှန်တကယ်နေထိုင်သော လိပ်စာနှင့် ရဲစခန်းထောက်ခံချက်၊ နိုင်ငံခြားသားဖြစ်ပါက သက်ဆိုင်ရာ လိုအပ်သော အထောက်အထားများ၊ ကုမ္ပဏီတွင် ပါဝင်သူများ၏ လိပ်စာနှင့်ရဲစခန်းထောက်ခံချက်များ တင်ပြရမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ကုမ္ပဏီများအတွင်း ပိုင်ရှင်နှင့်ဒါရိုက်တာပြောင်းခြင်း၊ အစုရှယ်ယာလွှဲ ပြောင်းခြင်း၊ ရာထူးမှ အနားယူခြင်း အပါအဝင် ကုမ္ပဏီရေးရာ ကိစ္စများ အပြောင်း အလဲလုပ်ပါကလည်း အထောက်အထားများနှင့်အတူ မှတ်ပုံတင်အရာ ရှိသို့ ချက်ချင်းအကြောင်းကြားရမည်ဟု စစ်တပ်က ဆက်လက်ညွှန်ကြား သည်။
မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်နေကြသည့် ကုမ္ပဏီများအနေဖြင့် သက် ဆိုင် ရာ ဝန်ကြီး ဌာန၊ ဦးစီးဌာနက ချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ ညွှန် ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာကြရမည်ဖြစ်ပြီး ပျက်ကွက်မှု တစ်စုံတစ်ရာ ကြောင့် လိုအပ်သော အရေးယူမှုများကို ဆောင်ရွက်မည်ဖြစ် ကြောင်း၊ ထို့ပြင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်ဆက်စပ်သော စိစစ်မှုများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စစ်တပ်က ကြေညာသည်။
စစ်တပ်လက်အောက်ခံ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI ဥက္ကဋ္ဌ အေးဝင်းကလည်း စီးပွားရေးကုမ္ပဏီများအနေဖြင့် တော်လှန်ရေး တပ်ဖွဲ့များ( စစ်တပ်၏ အသုံးအနှုန်းတွင် အကြမ်းဖက်အဖွဲ့များဟု ဖော်ပြ) ထံသို့ ငွေကြေးလှူဒါန်းခြင်း၊ ကုန်စည်ထောက်ပံ့ခြင်းများ လုံး၀ လုပ်ဆောင်ခြင်းမပြုလုပ်ရန် သတိပေးလာကြောင်း သိရှိရသည်။
“ကုမ္ပဏီတွေက လုပ်ရ၊ကိုင်ရတာ ခက်လာတယ်။ စစ်တပ်ကိုလည်း အတော်ကို စိတ်ပျက်လာကြပြီ။ UMFCCI ဥက္ကဌ ဦးအေးဝင်းကလည်း စစ်တပ်လေသံအတိုင်းပဲ။ ကုမ္ပဏီတွေကို “ခင်ဗျားတို့ကလည်း ကိုယ် လိုချင်တာတွေပဲ တင်ပြတောင်းနေတာ။ တိုင်းပြည်အတွက် ဘာမှ မလုပ်ပေးဘူး” ဆိုပြီး ပြောတယ်။ အခုကလည်း စစ်တပ်က လုပ်နေတာ သူတို့ အခွန် ရဖို့ရယ်နဲ့ အဓိက အရေး ကြီးဆုံးက တော်လှန်ရေးအဖွဲ့တွေကို ကုမ္ပဏီက ငွေ မလှူဖို့အတွက် သူတို့က အရမ်းကို တင်းကျပ်နေတာ။ သူတို့ ထုတ်တဲ့ညွှန်ကြားချက်တွေမှာ တော်လှန် ရေးအဖွဲ့တွေကို ကုမ္ပဏီတွေက ငွေကြေးစီးဆင်းတာနဲ့ လိုအပ်ချက်တွေ ထောက် ပံ့တာတွေ မလုပ်နိုင်အောင် အဓိက တားဆီးဖို့ ကြိုးစားနေတာ” ဟု UMFCCI မှ စီးပွားရေးသမားတစ်ဦးက ပြောဆိုသည်။




