25.7 C
Yangon

ထားဝယ်မြို့နယ်၊ ကျောက်မဲတောင်တွင် စစ်သား ၄ ဦးကို လက်နက်ခဲယမ်းအပြည့်အစုံနှင့်အတူ ဖမ်းဆီးရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ကျောက်မဲတောင်တွင် အကြမ်းဖက် စစ်သား ၄ ဦးကို KNLA အထူးဗျူဟာ ၂ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ခဲယမ်းအပြည့်အစုံနှင့် ဖမ်းဆီးရမိခဲ့ကြောင်း ရေးဘီလူးတပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၂ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်နှင့် KNLA တပ်များအကြား ထိပ်တိုက်တွေ့မှု ဖြစ်ပွားစဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“တနင်္သာရီအပိုင် ကျောက်မဲတောင်မှာ ဖမ်းမိတာ။အထိအတွေ့ဖြစ်ပြီးမှ ဖမ်းမိတာ။ ကိုယ့်ဘက်က ထိခိုက်မရှိဘူး ။ KNLA အထူးဗျူဟာ ၂ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဖမ်းမိတာ။ ကျနော်တို့က သတင်းထုတ်ပြန်ပေးတာပါ”ဟု ရေးဘီလူးတပ် ရင်း မှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဖမ်း‌ဆီးရမိသည့် စစ်သားများကို စစ်သုံ့ပန်းအနေဖြင့် ထိန်းသိမ်းဖမ်းဆီးထားမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article