25.7 C
Yangon

ရေစကြိုတွင် သာစည်နှောပင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံး၊ ဝက်လက်မြို့ပေါ်တွင်လည်း စစ်တပ်က လူမနေသည့် နေအိမ်မှ ပစ္စည်းများကို လိုက်လံ ခိုးယူ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် သာစည်နှောပင်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း Info Committee Yesagyo မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရေစကြိုမြို့နယ် ၂၅၈ တပ်ရင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ သာစည်နှောပင်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ၁ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိပြီး နေအိမ်လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ မွန်းလွဲပိုင်း ၂ နာရီလောက်က ၂၅၈ တပ်ရင်းက စစ်ခွေးတွေက သာစည်နှောပင်ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ နေအိမ်တစ်လုံးပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦး သေဆုံးတယ်။ ထိခိုက်ဒဏ်ရာ ရရှိသူများလည်းရှိကာ နေအိမ်လည်း ထိခိုက်ပျက်စီးခဲ့တယ်” ဟု Info Committee Yesagyo မှ တာဝန်ရှိသူက ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က လူမနေသည့် နေအိမ်မှ ပစ္စည်းများကို လိုက်လံ ခိုးယူနေကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၁ ရက်နေ့တွင် ဝက်လက်မြို့ပေါ်မှ အကြမ်းဖက် စစ်သားများနှင့် ၎င်းတို့ နောက်လိုက် ပျူစောထီးများက အမှတ်၁ ၊ ၂ ၊ ၃ ရပ်ကွက်၊ မင်းစုရပ်ကွက်တို့ရှိ လူမနေသော နေအိမ်များကို ဖောက်ထွင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် လက်ပါးစေများသည် ပြည်သူများ၏ အသက် အိုး အိမ် စည်းစိမ်ကို ဖျက်ဆီး သောင်းကျန်းသော အကြမ်းဖက်များ အဖြစ် NUG အစိုးရက ကြေငြာထားခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ ပြည်သူများအနေဖြင့် စစ်တပ်နှင့် ဆက်သွယ်ခြင်း မပြုလုပ်ကြရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ မလုပ်ဆောင်ကြရန် သတိပေးနှိုးဆော်ထားသည်။

ဓာတ်ပုံ – ဩဂုတ်လ ၃၁ ရက်နေ့တွင် ရေစကြိုမြို့နယ်၊ ငတရော်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပျက်စီးသွားသော နေအိမ်များ

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article