25.7 C
Yangon

ဖာပွန်ခရိုင်တွင် ဩဂုတ်လအတွင်း တိုက်ပွဲ ၉၃ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၉ ဦးသေဆုံး၊ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် ဩဂုတ်လအတွင်း တိုက်ပွဲ ၉၃ ကြိမ် ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၉ ဦးသေဆုံးခဲ့ကြောင်း KNU-Mutraw District က ပြောဆိုသည်။

ဩဂုတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ဖာပွန်ခရိုင်အတွင်း အကြမ်းဖက် စစ်တပ်နှင့် KNLA အမှတ် ၅ တပ်မဟာ တပ်ဖွဲ့ဝင်များ တိုက်ပွဲ ၉၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၉ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး KNLA အမှတ် ၅ တပ်မဟာဘက်မှလည်း ထိခိုက်ဒဏ်ရာရရှိသော ရဲဘော် တချို့ရှိကြောင်း သိရှိရသည်။

ထို့ပြင် တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်၏ ဌာနဆိုင်ရာ အဆောက်အအုံ ၁ လုံးကိုလည်း ပျက်စီးနိုင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်ကလည်း အရပ်သားပြည်သူများကို ပစ်ခတ်ထားပြီး လက်နက်ကြီးများဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်တာ စက်လက်များဖြင့် ရမ်းသမ်း ပစ်ခတ်မှု အတွင်း အရပ်သား ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article