28 C
Yangon

ရေဖြူမြို့နယ်၊ ဆယ်အိမ်စုရွာမှ ထွက်လာသည့် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်

Must read

ရန်ကုန်၊ စက်တင်ဘာ ၅

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဆယ်အိမ်စုရွာမှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း Kanbauk Defense Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ရေဖြူမြို့နယ် ၊ ဆယ်အိမ်စုကျေးရွာဘက်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ပတ်ကင်းထွက်လာသော တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို ထိတွေ့ ပွဲသည် မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ တော်လှန်ရေး တပ်ဖွဲ့ဘက်မှလည်း ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ် စစ်ကြောင်းသည် ပွိုင့် ၅ တပ်ဆင်‌ထားသော ကား ၂ စီးဖြင့် အင်အား ထပ်မံဖြည့်တင်းကာ ဆယ်အိမ်စုကျေးရွာနှင့် တောင်ရင်းအင်းကျေးရွာများကို ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် ပစ္စည်းများကိုလည်း ကားများဖြင့် တင်ဆောင်သွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တောင်ရင်းအင်းရွာမှ ရိက္ခာဝင်ယူသော စစ်ဘေးရှောင် ရွာသား ၂ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လက်ရှိအချိန်ထိ တောင်ရင်းအင်း ၊ ဖားချောင်း ၊ ဆယ်အိမ်စု ကျေးရွာများမှ ပြည်သူများသည် စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒေါနစစ်ကြောင်း-၃ (KBDF) ၊ ဒေါနတပ်ခွဲ-၆ (ဝေဟင်တပ်ဖွဲ့) ၊ ဒေါနတပ်ခွဲ-၇(LPF) ၊ ဗထူးတပ်မတော် ( BHA) ၊ ရေဖြူမြို့နယ် ပ.က.ဖ ၊ နဂါးနီပျောက်ကျားတပ်ဖွဲ့ ၊ ထားဝယ် ပြည်သူ့ကာကွယ်ရေးတပ်ဦး (DDPDF) ၊ ဇင်ယော်တပ်ဖွဲ့ ၊ ရာမညမွန်တပ်တော် (RMA) ၊ KNLA တပ်မဟာ(၆) တပ်ရင်း-၂၇ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဩဂုတ်လ ၂၈ ရက်နေ့ကလည်း ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာအနီး စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃၄ ဦး သေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article